ကြယ်စင် သေဆုံးမှု

From Wikipedia, the free encyclopedia

ကြယ်စင် သေဆုံးမှု
Remove ads

ကြယ်စင် (အိန်ဂျယ် ( Angel ) သို့မဟုတ် သူမ၏ တရုတ်အမည် တိန့်ကျားရှီး (邓家希) သည် မန္တလေးမြို့မှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေးဆန္ဒပြပွဲများ အတွင်း သတ်ဖြတ်ခံခဲ့ရသူဖြစ်သည်။ ကြယ်စင်သည် အစောပိုင်း အာဇာနည် တစ်ဦးအဖြစ် ပေါ်ထွက်ခဲ့ပြီး စစ်အစိုးရ၏ အကြမ်းဖက် ဖြိုခွင်းမှုကို ဆန့်ကျင်သည့် တော်လှန်ရေး သင်္ကေတအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ သူမသည် ဆန္ဒပြပွဲများတွင် အသက်စွန့်ခဲ့ကြသော ဆယ်ကျော်သက်များနှင့် လူငယ်များစွာထဲမှ တစ်ဦးဖြစ်သည်။ ၂၀၂၁ ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ အရပ်သား ၆၀ ခန့် အသက်ဆုံးရှုံးခဲ့ပြီး သေဆုံးသူများ၏ သုံးပုံတစ်ပုံကျော်မှာ ဆယ်ကျော်သက်များဖြစ်သည်။

Thumb
ဆန္ဒပြပွဲတွင် မသေဆုံးမီ တွေ့ရသော ကြယ်စင်
Remove ads

ကိုယ်ရေးကိုယ်တာနောက်ခံ

ကြယ်စင်သည် ကိုးကန့်တရုတ် မိခင်နှင့် ယူနန်လူမျိုးဖခင်တို့မှ မွေးဖွားခဲ့သည်။[ကိုးကားချက်လိုသည်] သူမသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပသော ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် မဲပေးခဲ့သည်။

ကြယ်စင်သည် တိုက်ကွမ်ဒို နည်းပြနှင့် ချန်ပီယံတစ်ဦးဖြစ်ပြီး[] အကသမားအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ []

ဆန္ဒပြခြင်းနှင့် သေဆုံးခြင်း

၂၀၂၁ ခုနှစ် အာဏာသိမ်းမှု အတွင်း ကြယ်စင်သည် ဖမ်းဆီးခံထားရသည့် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ထောက်ခံကြောင်း အွန်လိုင်းတွင် စတင်ဖော်ပြခဲ့သည်။ []

၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် သူမသည် အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ် (Everything will be OK) စာတမ်းပါ အနက်ရောင်တီရှပ်အင်္ကျီကို ဝတ်ဆင်ထားကာ မန္တလေးမြို့ ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သည်။ တီရှပ်ဝတ်ထားတဲ့ သူမရဲ့ ဓာတ်ပုံတစ်ပုံသည် အထင်ကရ ဖြစ်သွားခဲ့သည်။ []

ဆန္ဒပြမှုအတွင်း သူမသည် ဆန္ဒပြသူများအား ရေပိုက်များဖွင့်ထားရန်နှင့် မျက်ရည်ယိုဗုံးပစ်ခံရပါက မျက်နှာအား ဆေးကြောရန်၊ မျက်ရည်ယိုဗုံးအား ရဲများဘက် ပြန်ပစ်ရန်နှင့် ပစ်ခတ်ခံရပါက အကာအကွယ်ယူရန် အားပေးတိုက်တွန်းခဲ့ကြောင်း သိရသည်။ []

သူမသည် ဆန္ဒပြပွဲ ရှေ့တန်းတွင် ရှိနေချိန် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ [] [] ဆန္ဒပြပွဲမစတင်မီ သူမ၏ သွေးအမျိုးအစားနှင့် ဆန္ဒပြမှုအတွင်း သေဆုံးခဲ့ပါက သူမ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများအား လှူဒါန်းရန် ဆန္ဒရှိကြောင်းကို ဖော်ပြထားသော ပို့စ်တစ်ခုကို သူမ၏ ဖေ့စ်ဘုတ်ခ် အကောင့်တွင် တင်ခဲ့သည် ။ []

၂၀၂၁ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော သူမ၏ဈာပနကို ဆန္ဒပြသူထောင်ပေါင်းများစွာ တက်ရောက်ခဲ့သည်။ [] []

နောက်တစ်နေ့တွင် အာဏာပိုင်များက သင်္ဂြိုဟ်ရာ သုသာန်သို့ သွားရောက်ကာ သူမ၏ ရုပ်အလောင်းကို ခွဲစိပ်စစ်ဆေးရန် ပြန်လည်တူးဖော်ခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads