ခတ္တမန္ဒုတောင်ကြား

နီပေါနိုင်ငံရှိဟိန္ဒူနှင့်ဗုဒ္ဓဘာသာဆိုင်ရာရှေးဟောင်းယဉ်ကျေးမှုအ‌မွေအနှစ်များတည်ရှိရာတ From Wikipedia, the free encyclopedia

ခတ္တမန္ဒုတောင်ကြား
Remove ads

ခတ္တမန္ဒုတောင်ကြားသည် နီပေါနိုင်ငံတွင် တည်ရှိပြီး ရှေးဟောင်း အာရှ ယဉ်ကျေးမှုလောကများ၏ လမ်းဆုံတွင် တည်ရှိကာ အရေးကြီးသော အထိမ်းအမှတ် အဆောက်အဦး အနည်းဆုံး ၁၃၀ ခန့် ရှိပြီး ဟိန္ဒူဘာသာ နှင့် ဗုဒ္ဓဘာသာတို့၏ ဘုရားဖူးရာနေရာ အချို့လည်း ပါဝင်သည်။ တောင်ကြားအတွင်း ကမ္ဘာ့အမွေအနှစ်နေရာ ၇ ခု ရှိသည်။ []

အချက်တိုများ ခတ္တမန္ဒုတောင်ကြား*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...

သမိုင်းကြောင်းအရ တောင်ကြားနှင့် ဆက်စပ်နေသော ဒေသများသည် နီပေါမန္တလ ဟု ခေါ်ဆိုသော နိုင်ငံတော် တစ်ခု ဖြစ်သည်။ ၁၅ ရာစုအထိ ၎င်း၏ မြို့တော်မှာ ဘာတပူမြို့ ဖြစ်ခဲ့ပြီး အခြားမြို့တော်နှစ်ခု ဖြစ်သော ခတ္တမန္ဒု နှင့် လာလစ်ပူ (ပတန်) မြို့တို့ မတည်ထောင်ခင် အထိပင် ဖြစ်သည်။ []ထိုတောင်ကြားအား ဂေါ်ရခါးနိုင်ငံတော် အတွင်း သွတ်သွင်း၍ နောက်တွင် တောင်ကြားအား အင်ပိုင်ယာ၏ မြို့တော်အဖြစ်ပြောင်းလဲပြီးနောက်တွင် ၎င်းတို့ အောင်မြင်သမျှသော နယ်မြေအားလုံးအား နီပေါဟု ခေါ်တွင်ခဲ့သည်။

ခတ္တမန္ဒုတောင်ကြားသည် နီပေါနိုင်ငံအတွင်း အတိုးတက်ဆုံး နှင့် လူဦးရေ အများဆုံး နေရာဖြစ်သည်။ ရုံးများနှင့် ရုံးချုပ် အများစုသည် တောင်ကြားအတွင်း တည်ရှိသဖြင့် နီပေါနိုင်ငံ၏ စီးပွားရေး အချက်အချာနေရာ အဖြစ်တည်ရှိသည်။ သီးခြား ဗိသုကာလက်ရာများနှင့် ဂျာထရာခေါ် လမ်းမပွဲတော်များ အပါအဝင် ကြွယ်ဝသော ယဉ်ကျေးမှုများကြောင့် ကမ္ဘာလှည့်ခရီးသွားများ အကြားတွင် ထင်ရှား ရေပန်းစားသည်။ ဗြိတိသျှ သမိုင်းဆရာတို့က ထိုတောင်ကြားအား နီပေါမြို့ဟု ညွှန်းဆိုလေ့ ရှိကြသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads