ချင်းအမျိုးသားနေ့

From Wikipedia, the free encyclopedia

Remove ads

ချင်းအမျိုးသားနေ့ သည် နှစ်စဉ်နှစ်တိုင်း ချင်းအမျိုးသားများက ကျင်းပလေ့ရှိသည် နေ့ထူးနေ့မြတ်ဖြစ်သည်။

အချက်တိုများ ချင်းအမျိုးသားနေ့, လိုက်နာကျင့်သုံးသူများ ...
Remove ads

ဖြစ်ပေါ်လာပုံ

၁၉၃၃ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ချင်းမျိုးချစ်ခေါင်းဆောင် ဦးဝမ္မသူးမောင်၏ ဦးဆောင်မှုဖြင့် မင်းတပ်နယ်၊ နော်ချောင်းဒေသရှိ မသုံဒုံကျေးရွာတွင် ချင်းအမျိုးသား ညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့၏ ဒုတိယညီလာခံတွင် ၉၁ ဌာနအုပ်ချုပ်ရေးတွင် ချင်းတောင်တန်းအား ထည့်သွင်းပေးရန် အပါအဝင် တောင်းဆိုချက်ကိုးချက်ကို တောင်းဆိုရန် ဆုံးဖြတ်ခဲ့ကြပြီး၊ ယင်းသည် ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာစေရန် အစပျိုးခဲ့ခြင်းပင်ဖြစ်သည်။

၁၉၃၈ ခုနှစ်တွင် တတိယအကြိမ် ညီလာခံကို ဝမ္မသူးကျေးရွာ၌ ကျင်းပခဲ့ပြီး တောင်းဆိုချက်ကိုးချက်ကို အင်္ဂလိပ်အစိုးရထံသို့ ကိုယ်စားလှယ်စေလွှတ် တောင်းဆိုရန် ဆုံးဖြတ်ခဲ့ပြန်သည်။

၁၉၄၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် အင်္ဂလိပ်အစိုးရနှင့် ချင်းအမျိုးသားညီညွတ်ရေးအဖွဲ့တို့ ကန်ပက်လက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြရာ လူထုကိုယ်စားလှယ် သုံးထောင်ကျော် တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲတွင် မကွေးခရိုင် ဝန်ရှင်တော်မင်းကြီး မက္ကရီကင်းက တောင်းဆိုချက်ကိုးချက်ကို ပယ်ချခဲ့ပြီး ချင်းအမျိုးသားညီညွတ်ရေးအဖွဲ့ကို မတရားအသင်းအဖြစ် ကြေညာကာ ခေါင်းဆောင်ကိုးဦးကို ဖမ်းဆီးခဲ့သည်။

ထိုလုပ်ရပ်ကြောင့် ချင်းလူထုတစ်ရပ်လုံး မကျေမနပ်ဖြစ်ကာ တိုက်နယ်ဥက္ကဋ္ဌ ၃၆ ဦးတို့သည် ရာထူး ခန့်စာများကို နယ်ပိုင်ဝန်ထောက်ထံ ပြန်လည်အပ်နှံကာ ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။ ထို့ပြင် အခွန်မဆောင်ခြင်း၊ အစိုးရအမှုမထမ်းခြင်း၊ အစိုးရနှင့်အဆက်အသွယ် ဖြတ်ခြင်းစသည့် ပြည်သူ့အင်အားဖြင့် ဆန္ဒပြ သပိတ်မှောက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ထိုအချိန်မှစ၍ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပိုမိုအားကောင်းလာခဲ့ကာ လွတ်လပ်ရေးအတွက်လည်း အရေးပါလာခဲ့သည်။

Remove ads

ချင်းအမျိုးသားညီလာခံ

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် အစိုးရအဖွဲ့တွင် ဦးဝမ္မသူးမောင်သည် ချင်းရေးရာဝန်ကြီးဖြစ်လာခဲ့သည်။ လွတ်လပ်ရေး ရရှိပြီးသော်လည်း ချင်းဝိသေသတိုင်းတွင် နယ်ချဲ့လက်အောက်ခံ တိုက်သူကြီးအုပ်ချုပ်ရေးစနစ် ရှိနေသေးသောကြောင့် ထိုစနစ်ကို ဖျက်သိမ်းရန် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၂ ရက်အထိ ချင်းအမျိုးသားညီလာခံကို ဖလမ်းမြို့တွင် ကျင်းပခဲ့သည်။ ယင်းညီလာခံသို့ မြန်မာနိုင်ငံအရပ်ရပ်မှ ချင်းတိုင်းရင်းသား ကိုယ်စားလှယ် ၅,၀၀၀ ကျော် တက်ရောက်ခဲ့သည်။[]

ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျင်းပသော ညီလာခံ၏ ဒုတိယနေ့ အစည်းအဝေး၌ တိုက်သူကြီးအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းကာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးရန် တက်ရောက်လာသော ကိုယ်စားလှယ်အားလုံး၏ ဆန္ဒအရ ဆုံးဖြတ်ခဲ့သည်။

ဤညီလာခံတွင် ချင်းမျိုးချစ်ခေါင်းဆောင်များ၏ လွတ်မြောက်ရေး ကြိုးပမ်းမှုနှင့် မျိုးချစ်စိတ်ဓာတ်ကို ဂုဏ်ပြုသည့်အနေဖြင့် ၁၉၄၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့မှုနှင့် ၁၉၄၈ ခုနှစ် ဖလမ်းညီလာခံတွင် တိုက်သူကြီးအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းကာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို စတင်ဖော်ဆောင်ခဲ့သည့် သမိုင်းဝင်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် တညီတညွတ်တည်း သတ်မှတ်ခဲ့ကြသည်

Remove ads

နေ့ထူးနေ့မြတ်

ဤနေ့သည် တိုက်သူကြီးအုပ်ချုပ်ရေးခေါင်းဆောင်များနှင့် လူထုကိုယ်စားလှယ်များ စည်းလုံးညီညွတ်သောနေ့၊ နယ်ချဲ့ဩဇာခံကို တွန်းလှန်သောနေ့၊ ဒီမိုကရေစီအခွင့်အရေးကို လူထုလက်သို့ စတင်အပ်နှင်းပေးသောနေ့ စသည့် နေ့ထူးနေ့မြတ် ဖြစ်သည့်အပြင် ချင်းအမျိုးသားနေ့ကို မွေးဖွားပေးခဲ့သော နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဦးဝမ္မသူးမောင် မွေးဖွားရာဒေသကို ဂုဏ်ပြုသောအားဖြင့် မင်းတပ်မြို့မ အားကစားကွင်း၌ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်၏ သဝဏ်လွှာကို ဝန်ကြီးချုပ် ဦးနုက ဖတ်ကြားခဲ့ပြီး ဝန်ကြီးများ၏ သဝဏ်လွှာကို ကချင်ရေးရာဝန်ကြီး ဆမားဒူးဝါးဆင်ဝါနောင်က ဖတ်ကြားခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads