ချားလ် မက်ဆီယာ
ပြင်သစ်လူမျိုး နက္ခတ္တဗေဒပညာရှင် From Wikipedia, the free encyclopedia
Remove ads
ချားလ် မက်ဆီယာ (ပြင်သစ်: [ʃaʁl me.sje]; 26 June 1730 – 12 April 1817) သည် ပြင်သစ်လူမျိုး နက္ခတ္တဗေဒပညာရှင်ဖြစ်သည်။ သူသည် မက်ဆီယာ အရာဝတ္တုများ ဟု သိကြသည့် နက်ဗျူလာ ၁၁၀ ခု၊ ကြယ်အစုအဖွဲ့များပါဝင်သော နက္ခတ္တဗေဒဆိုင်ရာ စာရင်းတခုကို ထုတ်ဝေခဲ့သည်။ မက်ဆီယာသည် ကောင်းကင်ယံ၌ အမြဲတမ်းတည်ရှိသော အရာဝတ္ထုများနှင့် တခါတရံပေါ်လာတတ်သည့် အရာဝတ္ထုများကို နက္ခတ္တဗေဒ စောင့်ကြည့်လေ့လာသူများအား ကွဲပြားသိရှိစေရန် ရည်ရွယ်၍ ယင်းအရာဝတ္ထုများကို မှတ်တမ်းတင်ပြုစုခဲ့သည်။
မွေးချင်း ၁၂ ယောက်တွင် မက်ဆီယာသည် ၁၀ ယောက်မြောက်သားဖြစ်ပြီး ပြင်သစ်နိုင်ငံ၊ လော်ရိန်းဒေသတွင် မွေးဖွားခဲ့သည်။ သူ၏ အကိုနှင့် အစ်မများ ၆ ယောက်သည် ငယ်ငယ်က ဆုံးပါးသွားခဲ့ပြီး သူ့ဖခင်မှာ ၁၇၄၁ ခုနှစ်တွင် ဆုံးပါးခဲ့သည်။ ချားလ် မက်ဆီယာ၏ နက္ခတ္တဗေဒအပေါ် စိတ်ဝင်စားမှုမှာ ၁၇၄၄ ခုနှစ်တွင် ပေါ်လာခဲ့သော ကြယ်တံခွန်ကြောင့် ဖြစ်သည်။ မက်ဆီယာသည် ကြယ်တံခွန်ပေါင်း ၁၃ ခုကို ရှာဖွေတွေ့ရှိခဲ့သည်။[၁] သူ၏ ရှာဖွေတွေ့ရှိမှုကို ယင်းအချိန်အခါက ပြင်သစ်ဘုရင် ၁၅ယောက်မြောက် လူးဝစ်က ဂုဏ်ပြုသောအားဖြင့် Ferret of Comets ဟူသော နာမည်ပြောင် သတ်မှတ်ပေးခဲ့သည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads