ဂျင်းနီ (အဆိုတော်)
မြန်မာ အဆိုတော် From Wikipedia, the free encyclopedia
Remove ads
ဟန်နွေငြိမ်း (ခ) ဂျင်းနီသည် အဆိုတော်တစ်ဦးနှင့် အလှမယ်တစ်ဦး ဖြစ်သည်။ ဂျင်းနီကို ၁၉၈၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် မွေးဖွားခဲ့ပြီး တစ်ဦးတည်းသော သမီးဖြစ်သည်။ ငယ်စဉ်ကတည်းက မြန်မာအကကို ဝါသနာပါခဲ့သည်။ မူကြိုကျောင်းမှစတင် ကခဲ့ပြီး ဆုများရရှိခဲ့သည်။ ၃တန်းရောက်သောအခါ အကပြိုင်ခဲ့သည်။ သူငယ်တန်းမှ ဒသမတန်းအထိ အ.ထ.က(၂)လသာ ဆရာမကြီး ဒေါ်ဝင်းကြည်နှင့် ဆရာမကြီး ဒေါ်ခင်အုန်းမြင့် လက်ထက်တွင် ပညာလေ့လာသင်ကြားခဲ့သည်။ ဂျင်းနီ ၈တန်း တက်နေစဉ် ပြည်နယ်နှင့်တိုင်း အေရိုးပစ် ပြိုင်ပွဲ ရန်ကုန်တိုင်း ကိုယ်စားပြု လသာ၂ အဖွဲ့ဝင်တစ်ယောက်အဖြစ် ဝင်ပြိုင်ခဲ့သည်။ အထက (၂) လသာ စုံညီပွဲတော် ၂၀၀၁ ခုနှစ်တွင် နှစ်ပါးသွားအက၊ ရုပ်သေးအက၊ ဆီးမီးခွက်အကများအနက် ရုပ်သေးအကကို အေးချမ်းမေ နှင့်အတူ ကခဲ့သည်။ မြန်မာ့အသံ ရုပ်မြင်သရုပ်ဆောင်-အငြိမ့်ပွဲတွင် ကလေးသရုပ်ဆောင်အဖြစ် ဆုရရှိခဲ့သည်။ မြန်မာ့ရိုးရာ ဆိုကရေးတီး ပြိုင်ပွဲတွင် ငယ်ငယ်လေးကတည်းက ယှဉ်ပြိုင်ကခဲ့ပြီး ဆုပေါင်းများစွာ ရရှိခဲ့သည်။ ရွှေတံဆိပ် ၃ခု၊ ငွေတံဆိပ် ၂ခု၊ ကြေးတံဆိပ် ၁ခု တို့လည်း ရရှိခဲ့သည်။ လာအိုတွင် ကျင်းပခဲ့သော ၆ ကြိမ်မြောက် အာရှကလေးများစုံညီပွဲတော် ကျောင်းပေါင်းစုံ ပြည်နယ်နှင့်တိုင်း ဆိုကရေးတီးတွင် ဆုရရှိခဲ့ကြသောသူများ၊ စာပေထူးချွန်သူများနှင့် အတူ ဂျင်းနီသည် နှစ်ပါးသွားအက၊ ဦးရွှေရိုး-ဒေါ်မိုးအက၊ တိုင်းရင်းသားဝတ်စုံဖြင့်ကခြင်းတို့ဖြင့် ဖျော်ဖြေကခဲ့သည်။
၂၀၀၄ ခုနှစ်တွင် ဇူလိုင်နှင့်အတူ Witch အဖွဲ့တည်ထောင်ရင်း သီချင်းဆိုဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် မယုံတော့ဘူး အမည်ရှိ ပထမဆုံး သီချင်းအခွေ ထွက်ခဲ့သည်။ ၂၀၀၅ ပြည်နယ်နှင့်တိုင်း ပြိုင်ပွဲ၊ ၂၀၀၈ အိုလံပစ်ပြိုင်ပွဲတို့တွင် ကာယအလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ မြစ်ကြီးနားတွင်လည်း ပြိုင်ခဲ့သည်။[၁]
ဂျင်းနီ (ခ) ဟန်နွေငြိမ်းသည် ဆွဲဆောင်မှုရှိသည့် ကိုယ်ခန္ဓာအချိုးအစား ပိုင်ဆိုင်ထားသော အဆိုတော်အဖြစ် လူသိများသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads