စင်ကာပူ အမျိုးသားအားကစားကွင်း
စင်ကာပူနိုင်ငံရှိ အားကစားကွင်း From Wikipedia, the free encyclopedia
Remove ads
စင်ကာပူ အမျိုးသားအားကစားကွင်း (အင်္ဂလိပ်: Singapore National Stadium)သည် စင်ကာပူနိုင်ငံ၊ ကလန်အရပ်တွင် တည်ရှိသည်။ ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ယခင် အမျိုးသားအားကစားကွင်းကို ၂၀၀၇ခုနှစ်တွင် ပိတ်သိမ်း၍ ၂၀၁၀ပြည့်နှစ်တွင် ဖြိုချကာအသစ်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၂၈ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲများကို ကျင်းပခဲ့သည်။၂၀၀၆ ခုနှစ်တွင် ယခင်အားကစားကွင်းဟောင်းအတွင်း နောက်ဆုံးကျင်းပခဲ့သော စင်ကာပူအမျိုးသားနေ့အခမ်းအနားသည် ၂၀၁၆ခုနှစ်တွင် ယခုအားကစားကွင်းအသစ်အတွင်း ပြန်လည်ကျင်းပခဲ့သည်။ သို့သော် ကုန်ကျစရိတ်ကြီးမားသောကြောင့် ၂၀၁၆ ခုနှစ် နောက်ပိုင်းကျင်းပသော စင်ကာပူအမျိုးသားနေ့ အခမ်းအနားများကို စင်ကာပူအမျိုးသားအားကစားကွင်းအစား မာရီနာဘေး နှင့် လွှတ်တော်အဆောက်အအုံရှေ့ မြက်ခင်းပြင် (ပါဒ်တန်း) တွင် ကျင်းပခဲ့သည်။
Remove ads
ကွင်း၏ ပုံစံ
ဖွင့်နိုင်၊ ပိတ်နိုင်သော အမိုးများ ပါသည်။ အောက်ဆုံးပွဲကြည့်စင်ထိုင်ခုံများကို အလွယ်တကူရွေ့ပြောင်း၍ ရနိုင်အောင် ပြုလုပ်ထားသည်။ ဘောလုံး၊ ရက်ဘီ၊ ခရစ်ကတ်၊ ပြေးခုန်ပစ်စသည့် အားကစားနည်းများကို ကျင်းပနိုင်သည်။ အများဆုံးဝင်ဆန့်နိုင်သော လူဦးရေ အရေအတွက်မှာ ၅၅၀၀၀ ဖြစ်သည်။ ထိုင်ခုံများကို အလွယ်တကူရွေ့ပြောင်းနိုင်အောင် ပြုလုပ်ထားခြင်းကြောင့် ဝင်ဆန့်နိုင်သော လူဦးရေအရေအတွက်မှာ အပြောင်းအလဲရှိသည်။
အားကစားကွင်းသည် ရေကူးကန်နှင့် ဘက်စုံသုံး အားကစားခန်းမ၊ အားကစား ပြတိုက် နှင့် အားကစား စာကြည့်တိုက်များပါဝင်သော စင်ကာပူအားကစားရုံစုစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ စင်ကာပူ အမျိုးသား ဘောလုံးအသင်း၏ အိမ်ကွင်းပွဲစဉ်များကို လက်ခံကျင်းပရာ ဘောလုံးကွင်းလည်း ဖြစ်သည်။
Remove ads
ပြခန်း
- ရက်ဘီပွဲစဉ်ကျင်းပစဉ်
- ၂၀၁၆ AFC Cup အုပ်စုပွဲစဉ် ကျင်းပစဉ်
- ပိတ်နိုင်သောအမိုး
- အတွင်းပိုင်း
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads