၂၀၁၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၁၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် စင်ကာပူနိုင်ငံ၌ ၂၀၁၅ခုနှစ် ဇွန် ၅ရက်မှ ၁၆ရက်အထိကျင်းပသော ၂၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ စင်ကာပူနိုင်ငံသည် ၁၉၇၃၊ ၁၉၈၃၊ ၁၉၉၃ပွဲတော်များကို အိမ်ရှင်အဖြစ် ၃ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၅ခုနှစ်တွင် စတုတ္ထအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ တိုနီတန်းမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၄၃၇၀ခန့်က အားကစားနည်း ၃၆မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အသစ်တည်ဆောက်ပြီးစီးသော စင်ကာပူ အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်တို့က ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။[၂][၃]
Remove ads
လက်ခံကျင်းပခြင်း
စင်ကာပူနိုင်ငံ၏ အိမ်ရှင်ဖြစ်ခွင့်ကို ၂၀၁၁ခုနှစ် ဖလန်းပင်ပွဲတော်အတွင်းက ကြေညာခဲ့သည်။၂၀၀၇ပွဲတော်နှင့် ၂၀၁၃ပွဲတော်များကို လက်ခံကျင်းပရန် ကြိုးပမ်းခဲ့ဖူးသော်လည်း အားကစားကွင်းများ တည်ဆောက်ဆဲဖြစ်သဖြင့် လက်လျှော့ခဲ့ရသည်။
အားကစားကွင်းများ



Remove ads
ပြိုင်ပွဲအထိမ်းအမှတ်များ
အထိမ်းအမှတ်တံဆိပ်
၂၀၁၅အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ပန်းတိုင်သို့ရောက်ရှိသွားသည့် အားကစားသမားတစ်ဦးလက်မြောက်၍ အောင်ပွဲခံကာပန်းဝင်လာပုံဖြစ်ကာ ၂၀၁၅ခုနှစ်ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကစားသမားများ၏ အလားအလာကို ကိုယ်စားပြုသည်။ အထိမ်းအမှတ်တံဆိပ်ရှိ အားကစားသမားများမှာ ပြိုင်ပွဲတွင် ပါဝင်မည့် အားကစားနည်းများလည်းဖြစ်ကာ ထိုပုံများသည် အားကစားသမားများ၏ စွမ်းရည်နှင့် ခွန်အားကို ပြသသည်။
လာဘ်ကောင်
၂၀၁၅အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ နီလာ ဆိုသော ခြင်္သေ့ဖြစ်သည်။ နီလာတွင် အနီရောင် လည်ဆံမွှေးရှိကာ အသည်းပုံခေါင်းရှိသည်။၎င်းတို့မှာ ခွန်အား၊ စိတ်အားထက်သန်မှုနှင့် ဖော်ရွေမှုကို ကိုယ်စားပြုသည်။ လာဘ်ကောင်သည် ပြိုင်ပွဲ၏ နေရာဒေသနှင့် အမျိုးအစားပေါ်မူတည်၍ ဝတ်စုံပြောင်းလဲသည်။
Remove ads
ပွဲများနှင့်အားကစား
ဖွင့်ပွဲ
၂၀၁၅အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲကို ၂၀၁၅ခုနှစ် ဇွန်လ ၅ရက်နေ့ ည (၈:၁၅)အချိန်က စင်ကာပူအမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုအချိန်တွင် ကျင်းပရခြင်းမှာ (၂၀:၁၅)နာရီ ဖြစ်သဖြင့် ဤအားကစားပွဲကျင်းပသည့် ၂၀၁၅ခုနှစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ဤပွဲမှာ အသစ်တည်ဆောက်ပြီးစီးထားသော အမျိုးသားအားကစားကွင်းသစ်တွင်ကျင်းပသည့် ပထမဆုံးသော အခမ်းအနားဖြစ်သည်။ စင်ကာပူသမ္မတ တိုနီတန်းမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ပိတ်ပွဲ
၂၀၁၅အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ပိတ်ပွဲကို ၂၀၁၅ခုနှစ် ဇွန်လ ၁၆ရက်နေ့ည ၈နာရီအချိန်က စင်ကာပူအမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ စင်ကာပူသမ္မတ တိုနီတန်းမှ အားကစားပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။ ထို့နောက် ၂၀၁၇ပွဲတော်အား လက်ခံကျင်းပမည့် မလေးရှားနိုင်ငံကို အလံလွှဲပြောင်းပေးခဲ့သည်။
ပါဝင်သည့် နိုင်ငံများ
ဘရူနိုင်း(၈၂)
ကမ္ဘောဒီးယား(၁၉၂)
အင်ဒိုနီးရှား(၅၂၉)
လာအို(၁၉၃)
မလေးရှား(၆၅၉)
မြန်မာ(၃၉၆)
ဖိလစ်ပိုင်(၄၆၆)
စင်ကာပူ(၇၄၈)
ထိုင်း(၇၆၅)
အရှေ့တီမော(၆၆)
ဗီယက်နမ်(၃၉၁)
အားကစားနည်းများ
- ရေပိုင်းဆိုင်ရာအားကစားနည်းများ
မြားပစ်
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဘတ်စကက်ဘော
ဘီလိယက်နှင့် စနူကာ
လက်ဝှေ့
ဘိုလင်း
ကနူးလှေ
စက်ဘီးစီး
မြင်းစီး
ဓားသိုင်း
Floorball
ဘောလုံး
ဂေါက်သီးရိုက်
ကျွမ်းဘား
ဟော်ကီ
ဂျူဒို
Netball
ပန်ကြပ်ဆီလပ်
ပီတန်း
လှေလှော်
ရက်ဘီ
ရွက်လှေ
ပိုက်ကျော်ခြင်း
သေနတ်ပစ်
Softball
စကွက်ရှ်
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို
တင်းနစ်
ရိုးရာလှေ
၃မျိုးဆင့် အားကစား
ဘော်လီဘော
ရေလွှာလှိုင်းစီး
ဝူရှုး
ဆုတံဆိပ်ဇယား
- Key
* အိမ်ရှင်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads