စတမ်းဖို့ တံတား (ဘောလုံးကွင်း)
လန်ဒန်မြို့ရှိ ဘောလုံးကွင်း From Wikipedia, the free encyclopedia
Remove ads
စတမ်းဖို့ တံတား (အင်္ဂလိပ်: Stamford Bridge; /ˈstæm.fərd ˈbrɪdʒ/) သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဖူဟမ်ဒေသတွင် တည်ရှိသော ဘောလုံးအားကစားကွင်းဖြစ်သည်။ အဆင့်မြင့်တန်း ချဲလ်ဆီးဘောလုံးအသင်း၏ အိမ်ကွင်းဖြစ်သည်။ ကွင်းလူဝင်ဆံ့မှုမှာ ၄၁,၆၆၃ ဦးဖြစ်ပြီး ပရီးမီးယားလိဂ်၏ ၈ ခုမြောက် အကြီးမားဆုံးကွင်းဖြစ်သည်။ ချဲလ်ဆီးအသင်းမှ ကွင်း လူဝင်ဆံ့မှုကို ၆၀,၀၀၀ အထိ ရောက်အောင် ၂၀၂၁-၂၀၂၂ ရာသီတွင် တိုးမြှင့်ရန် အစီအစဉ်ဆွဲနေသည်။[၃] ကွင်းချဲ့နေစဉ်အတွင်း ချဲလ်ဆီးသည် ဝင်ဘလေကစားကွင်းကို အိမ်ကွင်းအဖြစ် ပြောင်းလဲကစားသွားမည် ဖြစ်သည်။[၄]
ဤကစားကွင်းကို ၁၈၇၇ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး လန်ဒန်အားကစားကလပ်မှ အသုံးပြုခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ပိုင်ရှင်အသစ် ဂူး မီးယားစ်က ချဲလ်ဆီးဘောလုံးအသင်းကို တည်ထောင်ပြီး ယင်းအသင်း၏အိမ်ကွင်းအဖြစ် ယနေ့တိုင် အသုံးပြုခဲ့သည်။ နှစ်များစွာအတွင်း ကွင်းကို အကြိမ်များစွာ ပြုပြင်မှုများ ပြုလုပ်ခဲ့ပြီး ၁၉၉၀ပြည့်နှစ်များတွင် ပြေးခုန်ပစ် ပြေးလမ်းကို ဖျက်သိမ်းခြင်း၊ ပရိသတ်အားလုံးအတွက် ထိုင်ခုံများ တပ်ဆင်ခြင်း၊ အမိုးတပ်ဆင်ခြင်းတို့ ပြုလုပ်ခဲ့သည်။ စတမ်းဖို့ တံတားဘောလုံးကွင်းကို အင်္ဂလန်နိုင်ငံတကာပွဲများ၊ အက်အေဖလား ဗိုလ်လုပွဲများ၊ ချာရတီဒိုင်း ပွဲများ ကျင်းပရန် ကွင်းအဖြစ်လည်း အသုံးပြုခဲ့သည်။ ကစားကွင်း၏ တရားဝင် အများဆုံး ပွဲကြည့်ပရိသတ် ဦးရေမှာ ၈၂,၉၀၅ ဦးဖြစ်ပြီး ၁၂ အောက်တိုဘာလ ၁၉၃၅ ခုနှစ်တွင် ကျင်းပသော ချဲလ်ဆီးနှင် အာဆင်နယ်အသင်းတို့၏ပွဲတွင် ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads