စလေ ရုပ်စုံကျောင်း

စလေ From Wikipedia, the free encyclopedia

စလေ ရုပ်စုံကျောင်းmap
Remove ads

စလေရုပ်စုံကျောင်း သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးစလေမြို့တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ခု ဖြစ်သည်။[] ကုန်းဘောင်ခေတ် စာဆိုတော် ဦးပုည၏ မွေးရပ်မြေဇာတိဟု လူသိများပြီး သမိုင်းမှတ်တမ်း အထောက်အထားများအရ ဒုတိယပုဂံဟု တင်စားခေါ်ဝေါ်ကြသည့် စလေမြို့သို့ ပြည်တွင်းပြည်ပမှ ဧည့်သည်အများအပြား လာရောက်လျက် ရှိနေသည့်အတူ စလေမြို့၏ အထင်ကရနေရာတစ်ခု ဖြစ်သော ပန်းပုရုပ်စုံကျောင်းသို့ သွားရောက်လေ့လာ ကြည့်ရှုနေကြသည်။

အချက်တိုများ စလေရုပ်စုံကျောင်း, အချက်အလက်များ ...

စလေပန်းပုရုပ်စုံကျောင်းတော်ကြီးကို စလေမြို့နေ ဦးဘိုးကြည်နှင့် ဇနီး ဒေါ်ရွှေသက်တို့က ခရစ်နှစ် ၁၈၈၂-ခု၊ မြန်မာနှစ် ၁၂၄၄-ခုတွင် စတင်တည်ဆောက်ခဲ့ကာ ခရစ်နှစ် ၁၈၉၂-၊ မြန်မာနှစ် ၁၂၅၄-ခုတွင် ပြီးစီးလှူဒါန်းခဲ့ပြီး ကျောင်းတော်ကြီးမှာ အလျားပေ ၁၅၀၊ အနံ ၈၉-ပေရှိကာ သစ်သားတိုင်လုံးပေါင်း ၁၅၄-လုံး ရှိသည်။

ကျောင်းတော်ကြီး၏ ပန်းပုရုပ်စုံပေါင်း ၄၅-ရုပ်နှင့် အဆောင်ပေါင်း ၆ ဆောင်ကျန်ရှိနေပြီး ၁၉၉၅-ခုနှစ်တွင် စလေဒေသအနီးတစ်ဝိုက်မှ တွေ့ရှိရသော ရှေးဟောင်းပစ္စည်းများ ခင်းကျင်းပြသရန်အတွက် ရှေးဟောင်းသုတေသနပြတိုက်အဖြစ် စတင်ဖွင့်လှစ် ပြသခဲ့သည်။ ယခုလက်ရှိအချိန်တွင်လည်း စလေပန်းပုရုပ်စုံကျောင်းတော်ကြီးကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက် ရှိသည်။

စလေပန်းပုရုပ်စုံကျောင်းတော်ကြီးသို့ ဝင်ရောက်လေ့လာပါက ပြည်တွင်းဧည့်သည်များကို ဝင်ကြေးအခမဲ့နှင့် နိုင်ငံခြားသား ဧည့်သည် တစ်ဦးလျှင် ၅၀၀၀-ကျပ်နှုန်း ပေးဆောင်ရပြီး အပတ်စဉ် တနင်္လာနှင့် အစိုးရရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် ဖွင့်လှစ်ပေးလျက်ရှိသည်။ [] မီတာ(၃၀) အရှည်ရှိပြီး (၁၂၄၀) မီတာ အကျယ်အဝန်းရှိသော ရုပ်စုံကျောင်းသည် ၎င်း၏ရှုပ်ထွေး၍ သေသပ်လှပသော လက်မှုနှင့် ပန်းပုလက်ရာများအား ကြည့်ရှုလေ့လာရန် ကမ္ဘာတစ်ဝန်းလုံးမှ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads