စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနခွဲ
From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနခွဲသည် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်တွင်ရှိပြီး အမှတ်(၄)၊ ဝင်္ကပါလမ်း၊ ဗဟန်း၊ ရန်ကုန်တွင် ရှိသည်။[၁] ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနခွဲကို ဖျက်သိမ်းကြောင်း နိုင်ငံပိုင်သတင်းစာများမှ ကြေညာခဲ့သည်။[၂]
သမိုင်း
၁၉၆၂ ခုနှစ် တွင် ဦးနေဝင်း ဦးဆောင်သည့် တော်လှန်ရေး ကောင်စီ အာဏာသိမ်းပြီးနောက် ပါလီမန်ခေတ်က ခွင့်ပြုခဲ့သည့် ပုံနှိပ်မီဒီယာ လွတ်လပ်ခွင့်များ ရုပ်သိမ်းခံရပြီး ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်နည်းဥပဒေကို ထုတ်ပြန်ခဲ့သည်။ သတင်းစာများ၊ စာစောင်များနှင့် လုံးချင်း စာအုပ်များအားလုံး ထုတ်ဝေခြင်း မပြုမီ စာပေစိစစ်ရေး ဌာနသို့ ကြိုတင်တင်ပြရပြီး ထိုသို့တင်ပြခြင်း မပြုဘဲ ပုံနှိပ်ထုတ်ဝေခဲ့လျင် ထုတ်ဝေသူသာမက ပုံနှိပ်သူများပါ ဖမ်းဆီးပြီး Press Act ဟုခေါ်ဆိုသည့် အထက်ပါ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်နည်းဥပဒေအရ အပြစ်ပေးသည်။
Remove ads
ဖွဲ့စည်းပုံ
ညွှန်ကြားရေးမှူးများမှာ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ထိ ဗိုလ်မှူးမောင်ဝင်း၊ ဗိုလ်မှူးတင်စိုး၊ ဗိုလ်မှူးအေးထွန်းနှင့် ဗိုလ်မှူးတင့်ဆွေတို့ဖြစ်သည်။ စာဖတ်မှူး၊ ဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပြည်ထဲရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး တို့ကို အဆင့်ဆင့် ဖြတ်သန်းပြီး အတည်ပြုချက်ရမှ စာတစ်အုပ်ကို ပုံနှိပ်ထုတ်ဝေခွင့် ရှိသည်။
မူဝါဒ အပြောင်းအလဲ
၂၀၀၁ ဇွန် တွင် ဂျာနယ် နှင့် မဂ္ဂဇင်း ၁၇၈ စောင်အကျုံးဝင်သည့် တင်ပြီးမှ ထုတ်သည့်စနစ်အစား ထုတ်ပြီးမှ တင်သည့်စနစ်ဖြင့် ပြောင်းလဲခွင့်ပြုလိုက်သည်။ ၁၉၆၂ ခု တော်လှန်ရေးကောင်စီ အစိုးရက ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ အက်ဥပဒေမှာမူ အသက်ဝင်ဆဲဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads