စီးရပ်စ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)
ပင်မဥက္ကာခါးပတ်ရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှား From Wikipedia, the free encyclopedia
Remove ads
စီးရပ်စ် (သင်္ကေတ: ;[၁၈] အင်္ဂလိပ်: Ceres; /ˈsɪəriːz/) သည် နေအဖွဲ့အစည်းအတွင်းမှ အသေးငယ်ဆုံးသော ဂြိုဟ်သိမ်ဂြိုဟ်မွှားဖြစ်ပြီး ပင်မ ဥက္ကာခါးပတ် (asteroid belt) အတွင်းတွင် ရှိသော တစ်ခုတည်းသော ဂြိုဟ်သိမ်ဂြိုဟ်မွှားဖြစ်သည်။ အဲရစ်ကို ၁၈၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် Giuseppe Piazzi မှ ရှာဖွေတွေ့ရှိခဲ့သည်။[၁၉]
သစ်ပင်စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးနှင့် မိခင်မေတ္တာနှင့်ဆိုင်သော ရောမနတ်ဘုရားမ စီးရပ်စ်ကို အစွဲပြု၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိပြီး နှစ်ပေါင်း ၂၀၀ ခန့်မျှကြာသော အချိန်တွင် နိုင်ငံတကာ နက္ခတ္တ သမဂ္ဂ (International Astronomical Union) မှ အဲရစ်စ်အား ဥက္ကာခဲ သို့မဟုတ် အသေးစားဂြိုဟ် (asteroid or minor planet) အဖြစ်မှ ဂြိုဟ်သိမ်ဂြိုဟ်မွှားအဆင့် (dwarf planetary status) သို့ ၂၀၀၆ ခုနှစ်တွင် တိုးမြှင့်ပေးခဲ့သည်။
အချင်းအားဖြင့် ၉၅၀ ကီလိုမီတာသာ ရှိသဖြင့် စီးရပ်စ်သည် ဥက္ကာခါးပတ်အတွင်းမှ အကြီးဆုံးအရာဝတ္ထုတစ်ခုဖြစ်ပြီး ခါးပတ်တစ်ခုလုံး အလေးချိန်၏ သုံးပုံတစ်ပုံမျှရှိသည်။ လတ်တလော လေ့လာမှုများအရ စီးရပ်သည် ပုံသဏ္ဌန်မမှန်ပဲ ဆွဲငင်အားနည်းသော အသေးစားအရာဝတ္တုများကဲ့သို့မဟုတ်ပဲ လုံးဝန်းသော ပုံသဏ္ဍန်ရှိကြောင်းတွေ့ရှိရသည်။ သူ၏ အလင်းလက်ဆုံး အချိန်၌ပင်လျှင် သာမန်မျက်စိဖြင့် မြင်နိုင်ရန် အလွန်မှုန်ဝါးနေသေးသည်။[၂၀] ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နာဆာမှ Dawn Mission အာကာသလေ့လာစူးစမ်းရေးယာဉ်ကို စီးရပ်စ် နှင့် ဗက်စ်တာ (Vesta) တို့ကို စူးစမ်းရန်အတွက် လွှတ်တင်ခဲ့သည်။
Remove ads
မှတ်စု
- This image was taken by the Dawn spacecraft on 2 May 2015, during a "rotation characterization" orbit, ၁၃,၆၄၂ ကီလိုမီတာ (၈,၄၇၇ မိုင်) above the surface of Ceres. Visible at center and center right are two bright spots, a phenomenon common on Ceres, in Oxo and Haulani craters respectively. Ahuna Mons is also visible in the image as a noticeable, bluff hill, seen just right of bottom.
Remove ads
ကိုးကားချက်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads