စွန်ကုပ်ရွာ၊ အုတ်ဖိုမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

စွန်ကုတ်ရွာ (အင်္ဂလိပ်: Sunkoke)သည် ပဲခူးတိုင်းဒေသကြီး (အနောက်)သာယာဝတီခရိုင်အုတ်ဖိုမြို့နယ်တယ်ပင်ကျောကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၃၅၅၆ ဖြစ်သည်။

အချက်တိုများ စွန်ကုတ်, စွန်ကုတ်ရွာ ...

စွန်ကုတ်ရွာတွင် အိမ်ခြေ ၈၀ နီးပါးရှိသည်။ လျှပ်စစ်မီးမရသေသော ရွာဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များ နေထိုင်သည်။ ရွာ၏ပုံစံမှာ တောင်နှင့်မြောက်သွယ်တန်းနေသည်။ ဗမာလူမျိုးအများဆုံးရှိပြီး ကရင်လူမျိုးအနည်းငယ်လည်းရှိသည်။

Remove ads

သမိုင်းအကျဉ်း

စွန်ကုတ်ကျေးရွာသည် ၁၉၃၀ မတိုင်ခင်ကတည်းက တည်ရှိနေပြီး မျိုးဆက်အဆက်ဆက် လူနေထိုင်ခဲ့ကြသည်။ ရွာအမည်သည် “ကုတ်ကုတ် ကိုင်းကိုင်း” ဟုခေါ်သော တောအတွင်းဒေသမှ သို့မဟုတ် “ဦးစွန်” ဟုခေါ်သောဦးလူအမည်မှ ဆင်းသက်လာကြောင်း သဘောထားကွဲပြားသည်။

ဘုန်းတော်ကြီးကျောင်း

၁၉၉၆ ခုနှစ်တွင် ဆရာတော်ဦးတေဇမှ စေတီတော်တည်ဆောက်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ပျံတော်မူသည်။ ထိုနောက် ဦးဥတ္တမနှင့် နောက်ထပ် ဦးသုန်သရ တို့က နာယကဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။

ပညာရေး

ရွာ၌ မူလတန်းကျောင်းတစ်ခုတည်ရှိသည်။ မူလကျောင်းသစ်သည် ၂၀၁၅ လောက်တွင် ပြီးစီးခဲ့ပြီး၊ မူလ သစ်သားကျောင်းဟောင်းကို ဘုန်းတော်ကြီးကျောင်း၌ ဆွမ်းစားဆောင်အဖြစ် ပြန်လည်အသုံးချခဲ့သည်။

ဖွံ့ဖြိုးရေး

၂၀၁၉–၂၀၂၀ ခုနှစ်အတွင်းတွင် ရွာလယ်လမ်းပြုပြင်မှု အရေးကြီးတစ်ခု ဆောင်ရွက်ခဲ့သည်။

လူဦးရေ

အိမ်ခြေ ၈၀ ခန့်ရှိပြီး လူဦးရေ ၃၂၀ မှ ၄၀၀ ခန့်ရှိသည်။

ရင်းမြစ်

သမိုင်းရေးသူအချက်အလက်များအပေါ်အခြေခံသည်။ ဒေသခံအထောက်အထားဖြင့် အတည်ပြုထားသည်။

အုပ်စု:ပဲခူးတိုင်းဒေသကြီးရှိ ကျေးရွာများ


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads