တပ္ပနမုဒြာ
From Wikipedia, the free encyclopedia
Remove ads
အတိတ်ကာလမှ ဘိုဘွားများအား ပူဇော်ဟန်ဖြစ်သည်။

လက်များကိုကွေး၍ ပခုံးနှင့်ညီအောင် မြှောက်ချီထားသည်။ လက်ဝါးများကို အတွင်းဘက်သို့ လှည့်၍ လက်ချောင်များကို ပခုံးဘက်သို့ ကွေး၍ ပြထားသည်။
အနှစ်သာရအားဖြင့် ပူဇာ စ ပူဇနေယျာနံ မင်္ဂလာ, ဂါရဝနိဝါတမင်္ဂလာ, ဉာတကာနဉ္စ သင်္ဂဟ မင်္ဂလာများကို သရုပ်ဖော်သဏ္ဌာန်ပြထားသည်။
သဘာဝအားဖြင့် ကရုဏာရသကို ပေါ်လွင်စေသည်။
ဒါနပါရမီ, မေတ္တာပါရမီစခန်းများသို့ ညွှန်ပြထားသောသဘောကို ဆောင်ပေသည်။ ပုံစံအားဖြင့် နာမသင်္ဂီတိ၏ ရုပ်ပွားဆင်းတုတွင် ဤမုဒြာမျိုးကို တွေ့ရသည်။
မိရိုးဖလာ ဘိုးဘွားဘီဘင်များကို ပူဇော်ကန်တော့သော ပွဲတော်များတွင် ဤတပ္ပနမုဒြာ ပါသော ရုပ်ပွားဆင်းတုများဖြင့် ဆင်ယင်ကျင်းပလေ့ရှိကြပါသည်။ ရိုးရာတင်ပွဲ ပူဇော်ပသပွဲများအတွက် အရေးပါသော မုဒြာဖြစ်သည်ဟုဆိုသည်။ ဤကဲ့သို့ ပူဇော်ကိုကွယ်ပါက ရောဂါဝနာ ကင်းငြိမ်းချမ်းသာခြင်း, မကောင်းသော ဘေးဥပဒ်အန္တရာယ် ရန်စွယ်ခပ်သိမ်းမှ ရှောင်တိမ်း လွှတ်ကင်း နိုင်ကြောင်းဖြင့် ယုံကြည်ခဲ့ကြလေသည်။
ပုဂံ အပယ်ရတနာလိုဏ်ဂူဘုရားအတွင်း ဆေးရေးပန်းချီများ၌ ဤမုဒြာမျိုးကို တွေ့ရှိနိုင်ပါသည်။ [၁][၂] [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads