တုသိတာဘုံ

နတ်ပြည်ခြောက်ထပ်တွင်လေးထပ်မြောက်ဖြစ်သောနတ်ပြည် From Wikipedia, the free encyclopedia

Remove ads

ကြီးကျယ်မြင့်မြတ်သော စည်းစိမ်ကျက်သရေတို့နှင့် ပြည့်စုံကြ၍ နှစ်သက်ရွှင်လန်းခြင်းသို့ ရောက်နေကြသော နတ်တို့၏ စံရာဘုံ ဖြစ်သည်။ ထိုဘုံ၌ဖြစ်ကြသောနတ်တို့သည် အမြဲမပြတ် ရွှင်မြူးနှစ်သက်ပျော်ပါးနေကြရသောကြောင့် တုသိတာနတ်ဘုံဟု ခေါ်သည်။[]

သန္တုဿိတာနတ်မင်းသည် အကြီးအကဲနတ်မင်း ဖြစ်သည်။ ဘုရားအလောင်းများသည် ဤနတ်ဘုံ၌ စံလေ့ရှိသည်။ ဗုဒ္ဓဘုရားအလောင်းသည် ဘုရားမဖြစ်မီ တဘဝ၌ တုသိတာနတ်ပြည်၌ “သေတကေတု”မည်သောနတ်မင်း ဖြစ်လေသည်။[] မယ်တော် မဟာမာယာသည် အလောင်းတော်ကို ဖွားမြင်ပြီးနောက် ၇-ရက်မြောက်နေ့၌ စုတေ၍ ယင်း-၌ပင် ဖြစ်ရသည်။[] ဘုရားအလောင်း၏ မယ်တော် စသည့် သူတော်ကောင်းပုဂ္ဂိုလ်များ စံရာ နတ်ပြည်လည်း ဖြစ်သည်။

အနာထပိဏ်သူဌေးသည် ဤ တုသိတာနတ်ဘုံတွင်နတ်သားဖြစ်ရသည်။*

အလောင်းတော်သည် ယင်း-၌ နေစဉ်ပင် လူ့ပြည်၌ ဗုဒ္ဓကောလာဟလ-ဖြစ်၏ []။ ဤစကြဝဠာမှ တစ်ပါးသော စကြဝဠာတို့၌လည်း တုသိတာနတ်ပြည် ရှိသေး၏ []။ ဘုရားဖြစ်ရန် အခွင့်မျှော်လင့်နေသော အရိမေတ္တေယျ-ဘုရားအလောင်းတော်သည် ယင်း-၌ စံနေတော်မူဆဲ ဖြစ်၏ []သီဟိုဠ်ကျွန်း B.E. ၃၈၃-မှ စ၍ ၂၄-နှစ်တိုင်တိုင် မင်းပြုခဲ့သော လောဟမဟာပါသာဒ-ပြာသာဒ်ကြီးနှင့် မရိစဝဋ္ဋိစေတီ မဟာစေတီတော်ကြီးတို့၏ ဒါယကာ ဒုဋ္ဌဂါမဏိမင်းမြတ်သည် ယင်း-မှ ရောက်ရှိလာသော နတ်ရထားအသစ်ဖြင့် ယင်း-သို့လိုက်ပါ၍ နတ်စည်းစိမ်ကို ခံစားရလေသည် [][]

တုသိတာနတ်သက်သည် နှစ်ပေါင်း(၄၀၀၀)ရှိသည်။ လူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း(၅၇)ကုဋေ နှင့် ခြောက်သန်းရှိသည်။ လူတို့၏ နှစ်(၄၀၀)သည် တုသိတာနတ်(၁)ရက် ဖြစ်သည်။[][၁၀]

Remove ads

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads