ဒုဗ္ဗလသိက္ခာပုဒ်

From Wikipedia, the free encyclopedia

ဒုဗ္ဗလသိက္ခာပုဒ်
Remove ads

အမှု - သံဃာနှင့်သဘောတူ သင်္ကန်းပေးပြီးမှ ရှုံ့ချကဲ့ရဲ့မှု

အမှုသည် - ဆဗ္ဗဂ္ဂီရဟန်းများ

အရှင်ဒဗ္ဗအား သင်္ကန်းပေးခြင်း

မလ္လာမင်းသားဖြစ်သည့် အရှင်ဒဗ္ဗသည် ၇-နှစ်အရွယ်ကပင် ရဟန္တာဖြစ်ခဲ့သော ပုဂ္ဂိုလ်တည်း၊ အာဂန္တုသံဃာများအတွက် အိပ်ရာနေရာကို ခင်းပေးရသောအလုပ်၊ သံဃိကပင့်လာသော ဆွမ်းများကို အလှည့်ကျ ညွှန်ချပေးရသော အလုပ်များကို ပြုလုပ်ခြင်းအားဖြင့် သံဃာ့တာဝန်ကို ရွက်ဆောင်ကာ မိမိ၏ နောက်ဆုံးဘဝကို အသုံးချနေသော ပုဂ္ဂိုလ်တစ်ပါးလည်းဖြစ်၏၊ အခါတပါး၌ကား ထိုအရှင်မှာ သင်္ကန်းရှားပါးနေ၍၏။ သံဃာမှာလည်း သံဃိကသင်္ကန်းတစ်ထည်သာ ရှိနေ၏။ ထိုသင်္ကန်းကို သံဃာက အားလုံးကို သဘောတူဖို့ရန် ခွင့်ပန်၍ အရှင်ဒဗ္ဗအား ပေးလိုက်လေသည်။ []

Remove ads

ဆဗ္ဗဂ္ဂီတို့ ကဲ့ရဲ့ခြင်း

ဆဗ္ဗဂ္ဂီတစ်ဂိုဏ်းလုံးကား အရှင်ဒဗ္ဗအပေါ်၌(သံဃာဒိသေသ် ဒုဋ္ဌဒေါသသိက္ခာပုဒ်တုန်းက ပြခဲ့သည့်အတိုင်း) မကျေနပ်မှု ရှိနေကြ၏။ ထို့ကြောင့် သံဃာနှင့်အတူ သင်္ကန်းပေးတုန်းက ပေးမှုကလည်း တရားနည်းလမ်းကျသောကြောင့် ဘာမျှမပြောကြဘဲ နောက်မှ “ရဟန်းတွေဟာ သံဃိကပစ္စည်းကို မိမိတို့ ချစ်ကျွမ်းဝင်ရာ ညွှတ်စေကြ(ပေးကြ)တယ်” ဟု ပြောဆိုကဲ့ရဲ့ကြလေသည်။ []

ဘုရားရှင် ပညတ်ခြင်း

ယော ပန ဘိက္ခု သမဂ္ဂေန သံဃေန စီဝရံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇေယျ ‘‘ယထာသန္ထုတံ ဘိက္ခူ သံဃိကံ လာဘံ ပရိဏာမေန္တီ’’တိ, ပါစိတ္တိယံ။[]

မြန်မာပြန်

အကြင် ရဟန်းသည် ညီညွတ်သော သံဃာနှင့် တကွ သင်္ကန်းပေးပြီးနောက်၌ ရှုတ်ချခြင်းသဘောသို့ ရောက်ခဲ့ (အဘယ်သို့ ရှုတ်ချသနည်း) “ရဟန်းတွေဟာ အကြင်အကြင် မိတ်ဆွေရဟန်းသို့ သံဃာ့ဥစ္စာဖြစ်သော လာဘ်ကို ညွှတ်စေကြပြီး ဤသို့ ရှုတ်ချအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ []

မှတ်ချက်

အပေးခံရသူက သံဃာ့တာဝန်ထမ်းဆောင်ဖို့ရန် သမုတ်ထားသူဖြစ်၍ ထိုသူ့ကိုပေးရာ၌ ကဲ့ရဲ့ပါမှ ပါစိတ် အာပတ်သင့်သည်။ ထိုသို့ သမုတ်မထားသူကို သင်္ကန်းပေးရာ၌ ကဲ့ရဲ့လျှင်လည်းကောင်း, သင်္ကန်းမှတပါး အခြားပစ္စည်းကို(မည်သူ့အားမဆို)ပေးရာ၌ ကဲ့ရဲ့လျှင်လည်းကောင်း, ဒုက္ကဋ်အာပတ်သင့်၏။ အမှန်အားဖြင့် အဂတိလိုက်စား၍ မပေးလိုက်သူအား ပေးရာ၌ ကဲ့ရဲ့လျှင်ကား အာပတ်မသင့်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads