ဒေါပုံပန်းခြံတံတား

From Wikipedia, the free encyclopedia

ဒေါပုံပန်းခြံတံတားmap
Remove ads

ဒေါပုံပန်းခြံတံတား သည် မြန်မာနိုင်ငံ ၏ပထမဆုံး ပန်းခြံတံတား ဖြစ်သည်။ယခင်က ဒေါပုံမြို့နယ် နှင့် မင်္ဂလာတောင်ညွန့်မြို့နယ် ကိုဆက်​သွယ်အသုံးပြုခဲ့​သော နှစ်လမ်းသွားကားလမ်းပါရှိသည့်တံတား ဖြစ်သည်။​ဒေါပုံတံတား​ဘေး၌ သာကေတတံတားသစ် တည်​ဆောက်ရန် ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်တွင် စီမံခဲ့ကြသည်။၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၅ ရက်တွင် သာ​ကေတတံတားသစ် ​ တည်​ဆောက်ပြီး ​သော အခါ ​ဒေါပုံတံတားတွင် ယာဉ်များဖြတ်သန်းမှု အပြီးတိုင်ရပ်တန့်ခဲ့သည်။

အချက်တိုများ ဒေါပုံပန်းခြံတံတားဒေါပုံတံတားဟောင်းသာကေတတံတား (ကနေဒါတံတား), ကိုဩဒိနိတ် ...
Remove ads

သမိုင်းကြောင်း

ကိုလံဘိုစီမံကိန်းအရ ရန်ကုန်မြို့တွင် ပုဇွန်တောင်ချောင်းကိုဖြတ်၍ တံတားတစ်စင်း တည်ဆောက်ခဲ့သည်။ ထိုတံတား၏ အလယ်ကြမ်းခင်းများသည် ဖွင့်နိုင်ပိတ်နိုင်သည်။ ရေလမ်းတွင် သင်္ဘောများ ဖြတ်သန်းသွားလာပါက အလယ်ခန်းဖွင့် ကြမ်းခင်းနှစ်ခုမှာ အပေါ်သို့ထောင်ပေးနိုင်သည်။ ၁၉၆၇ခုနှစ် ဖေဖော်ဝါရီ ၈ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ဤတံတားသည် နှစ်ပေါင်းများစွာ ကြာမြင့်လာရာ စစ်တမ်းများအရ ၂၀၁၃ခုနှစ်တွင် တစ်ရက်တွင် ယာဉ်အစီးရေ ၂၀,၀၀၀ခန့် ဖြတ်သန်းလျက်ရှိရာ ၂၀၂၁ခုနှစ်တွင် ၅၀,၀၀၀ခန့် ဖြတ်သန်းမည်ဟု ခန့်မှန်းရသည်။[] ၂၀၁၄ခုနှစ် မေလ ၂၁ရက်နေ့တွင် အဖွင့်အပိတ်လုပ်နိုင်သည့် တံတားကြမ်းခင်းအားထိန်းသော Log Pinများနှင့် အထိုင် Boltနှင့် Nut များ ပြတ်ထွက်နေကြောင်းတွေ့ရသဖြင့် တံတားအားပိတ်ကာ ၃ရက်ကြာ အရေးပေါ် ပြုပြင်ခဲ့ရသည်။ တံတားပေါ်သို့ (၁၀)တန်နှင့်အထက်ယာဉ်များ မဖြတ်သန်းရန် သက်ဆိုင်ရာက ထုတ်ပြန်ထားသော်လည်း ည ၁၀နာရီနောက်ပိုင်းတွင် ခိုး၍ဖြတ်သန်းကြသည်။ ထို့ကြောင့် တံတားအသစ်တစ်စင်းကို တံတားဟောင်းနှင့် မီတာ ၃၀ခန့်အကွာတွင် တည်ဆောက်ခဲ့သည်။[]

တံတားသစ်ပြီးစီးပါက တံတားဟောင်းကို အပြီးသတ်ဖျက်သိမ်းရန် စီစဉ်ခဲ့ကြသည်။[] သို့ရာတွင် နောက်ပိုင်း၌ မဖျက်သိမ်းဖြစ်တော့ဘဲ စက်ဘီးနှင့် လူများဖြတ်သန်းသွားလာနိုင်မည့် ပန်းခြံတံတားအဖြစ် ပြုပြင်ခဲ့ကြသည်။ ၂၀၂၀ပြည့်နှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပြင်ဆင်ဆောင်ရွက်ခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads