ပတ္တမုဒြာ

From Wikipedia, the free encyclopedia

ပတ္တမုဒြာ
Remove ads

ပတ္တမုဒြာ-ပတ္တဟတ္ထ

Thumb
Thumb

တခါတရံ ဗုဒ္ဓပတ္တမုဒြာဟု ခေါ်သည်။

သပိတ်ကို ကိုင်ထားသော ဟန်ပန်ဖြစ်သည်။

လက်ဝဲလက်ကို လှန်၍ လက်ျာလက်ကို အပေါ်မှ မိုးထားသော လက်ဟန်ဖြစ်သည်။ တခါတရံ လက်နှစ်ဘက်ကြားတွင် သပိတ် သို့မဟုတ် ခွက်တခုကို ထည့်ပေးထားတတ်သည်။

ရှင်ဥပဂုတ် ဆွမ်းဘုဉ်းပေးနေဟန် ရုပ်တုများတွင်မူ လက်ဝဲလက်က သပိတ်ကို မထားပြီးလျှင် လက်ျာလက်က သပိတ်တွင်းသို့ နှိုက်ထားသည့် ဟန်မျိုးဖြင့် တွေ့ရှိရသည်။

မြတ်စွာဘုရား ဆွမ်းခံကြွနေတော်မူဟန်, ရဟန်းများဆွမ်းခံကြွနေဟန် နှင့် ဘုရားရဟန္တာ ဆွမ်းဘုဉ်းပေးနေဟန် ရုပ်ပွားဆင်းတုများတွင် ဤပတ္တဟတ္ထမုဒြာဖြင့် တွေ့ရှိရှပါသည်။

တခါတရံ နတ်ဗြဟ္မာ သိကြားရုပ်တုများတွင် ဤမုဒြာကို တွေ့ရှိရတတ်ပေသည်။ ပုဂံမြို့ ရွှေဆံတော်ဘုရားတွင်း၌ အချို့ ရဟန္တာပုံတော်များကို၎င်း, ကျောက်ဂူဥမင်ဘုရားတွင်း၌ ရုပ်ကြွပုံတော်ကို၎င်း အာနန္ဒာစေတီတော်အတွင်းမှ အချို့ ရပ်တော်မူနှင့် ထိုင်တော်မူ (ဗောဓိရိုး) ဘုရားရုပ်ပွားဆင်းတုတော်များကို၎င်း ဤပတ္တမုဒြာပုံဖြင့် တွေ့ရှိရှပါသည်။

ယောဂီပုဂ္ဂိုလ်များသည် ယောဂါသနဖြင့် ထိုင်၍ ဤမုဒြာဟတ္ထပုံဖြင့် ကျင့်ပါက ဓာတ်ဝင်လာနိုင်သည်ဟု အမိန့်ရှိလေသည်။

မုဒြာသည် သန္တရသကို ပေါ်လွင်ထင်ရှားစေသည်။

သမဏာနဉ္စ ဒဿနမင်္ဂလာ, ဒါနဉ္စမင်္ဂလာ, ပူဇာစ ပူဇနေယျာနံ မင်္ဂလာ, တပေါစမင်္ဂလာများကို သရုပ်ဖော်ညွှန်ပြထားသည်။

ဝီရိယပါရမီ, အဓိဋ္ဌာနပါရမီ, ဒါနပါရမီ, ခန္တီပါရမီ စသည်တို့ကို ညွှန်ပြထားပေသည်၊

ပတ္တဟတ္ထပုံတော် ရုပ်ပွားဆင်းတုများကို ကိုးကွယ်သူသည် စားဖွယ်သောက်ရာ ပေါများ ကြွယ်ဝခြင်း, စည်းစိမ်ဥစ္စာကုံလုံပြည့်ဝခြင်း, ဆုတောင်းပြည့်ခြင်း, အင်အားကြီးမားခြင်း, တန်းခိုး အာနုဘော် ထက်မြက်ခြင်း, အလိုဆန္ဒ ပြည့်ဝလွယ်ခြင်း, မကောင်းသောဂြိုဟ်စီးဂြိုဟ်နင်းတို့မှ လွတ်ငြိမ်း ချမ်းသာခြင်း စသော အကျိုးထူးတရားများကိုရရှိကြောင်း ကျမ်းဂန်များ၌ ဖွင့်ဆိုထားလေသည်။ [][] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads