ပါးဆီးယပ်စ်
ရှေးခေတ် ဂရိသူရဲကောင်းနှင့် မိုက်ဆီးနီတည်ထောင်သူ From Wikipedia, the free encyclopedia
Remove ads
ဂရိဒဏ္ဍာရီတွင် ပါးဆီးယပ်စ် (အင်္ဂလိပ်: Perseus, /ˈpɜːrsiəs, -sjuːs/; ဂရိ: Περσεύς) သည် မိုက်ဆီးနီနှင့် ပါးဆေးယစ်မင်းဆက်ကို တည်ထောင်သူဖြစ်သည်။ ဟဲရာကလီးဇ် မတိုင်မီကာလတွင် ကဒ်မက်စ် နှင့် ဘာလဲ့ရာဖန် တို့နှင့်အတူ အကြီးကျယ်ဆုံး ဂရိသူရဲကောင်းများတွင်ပါဝင်၍ မိစ္ဆာကောင်များကို သုတ်သင်သူလည်း ဖြစ်၏ ။[၁] ဂေါ်ဂန် မက်ဒူဆာကို ဆက်ရီဖို့စ်ကျွန်းရှင် ပေါလီဒက်တီးဇ်အတွက် သုတ်သင်ခေါင်းဖြတ်ခဲ့ကာ ပင်လယ်မိစ္ဆာ ဆီးတပ်စ်၏ အန္တရာယ်မှ အန်ဒရောမစ်ဒါကို ကယ်ဆယ်ခဲ့သည်။ ဇုစ်နတ်မင်းနှင့် လူသား အမျိုးသမီး ဒန်နေယီးတို့၏ သားဖြစ်ပြီး ဟဲရာကလီးဇ်၏ ဘိုးဘေးနှင့် ညီအကို (ဖအေတူ အမေကွဲ) တော်စပ်သူတစ်ဦးဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads