ပိယဒဿီဘုရား
From Wikipedia, the free encyclopedia
Remove ads
သုဇာတမြတ်စွာဘုရားပွင့်ထွန်းပြီးနောက် ဘုရားနှစ်ဆူပွင့်ရာ မဏ္ဍကမ္ဘာကြီး ပျက်စီးကုန်ဆုံး သွားသည်။ ကမ္ဘာပေါင်း နှစ်သောင်းရှစ်ထောင်နှစ်ရာတို့ ကာလပတ်လုံး (၂၈, ၂၀၀) ဘုရားတစ်ဆူမျှ မပွင့်သော ဘုရားရှင်တို့မှ ဆိပ်သုဉ်းသော သုညကမ္ဘာများဖြစ်ကြသည်။
ထိုသုညကမ္ဘာများ လွန်မြောက်ပြီးနောက် ဤဘဒ္ဒကမ္ဘာမှ နောက်ပြန်ရေတွက်သော် ကမ္ဘာပေါင်း (၁, ၈၀၀) တစ်ထောင့်ရှစ်ရာ အထက်၌ တစ်ခုသောကမ္ဘာတွင်-ပိယဒဿီ၊ အတ္ထဒဿီ၊ ဓမ္မဒဿီ ဟူသောဘုရားသုံးဆူပွင့်ထွန်းရာ ဝရကမ္ဘာဖြစ် ပေါ်လာသည်။ ဤဝရကမ္ဘာ၌ ရှေးဦးစွာ ပိယဒဿီဘုရားအလောင်းသည် ဆယ်ပါးပါရမီစုံပြည့်ညီသဖြင့် လူတို့သက်တမ်း အနှစ်(၉၀, ဝဝဝ)ကိုးသောင်းရောက်သောအခါ တုသိတာနတ်ပြည်မှ လူ့ပြည်လောကသို့သက်ဆင်း ကြွလာသည်။ သုဓညဝတီမြို့တော်ဝယ် သုဒတ္တမင်းကြီး၏ အဂ္ဂမဟေသီစန္ဒာဒေဝီမိဖုရားမှ ဖွားမြင်တော်မူလာသည်။ ဖွားမြင်စဉ်အခါ လူတို့မမြင်ဘူးသော ချစ်ခင်နှစ်သက်ဖွယ် ထူးဆန်းသော တန်ခိုးပြာဋိဟာကို ပြလျှက် ဖွားမြင်လာခြင်းကြောင့် ပိယဒဿီဟု ဆွေတော် မျိုးတော်များက မှည့်ခေါ်ကြသည်။ ပိယဒဿီအလောင်းတော်မင်းသားအရွယ်ရောက် သောအခါ ဝိမလာဒေဝီမိဖုရားဖြင့် သားတော် ကဉ္စနာဝေဠမည်သော သားတော်မင်းသား ဖွားသည်အထိ သုနိမ္မလ၊ ဝိမလ၊ ဂိရိဗြဟာ ဟူသောနန်းမသုံးဆောင်တို့၌ ဆောင် နွေ မိုး ဥတုသုံးလီ မျှညီစွာ နှစ်ပေါင်း(၃၃, ဝဝဝ) သုံးသောင်းသုံးထောင် ကာလပတ်လုံး ထီးနန်း စည်းစိမ်ကို ခံစာစံစားတော်မူသည်။ ဥယျာဉ်တော်သို့ ထွက်စဉ်အခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါး မြင်ကာ ထိပ်လန့်မှုသံဝေဂရှုလျက် အာဇာနည် မင်္ဂလာမြင်းယာဉ်စီးကာ တောထွက်တော်မူသည်။ ဒုက္ကရစရိယာအကျင့်ကို(၆) လကြာ ကျင့်တော်မူ၍ ကကုဓဗောဓိရုက္ခ-ရေခံတက် ဗောဓိပင်ကိုအမှီပြုပြီး သဗ္ဗညုတဉာဏ်တော်ကိုရ၍ သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ်ဖြစ်တော်မူသည်။
Remove ads
ဗုဒ္ဓ ဂေါတမဘုရားအလောင်းသည် ဤပိယဒဿီဘုရားရှင်လက်ထက်၌ ဝေဒကျမ်းတတ် ပါရဂူ ကဿပလုလင်ဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား ကျောင်းဆောက်လှူဒါန်းရာ ပိယဒဿီဘုရားရှင်က အနုမောဒနာတရား ဟောကြားပြီးသောအခါ ဘုရားဖြစ်မည်ဟု နိယတဗျာဒိတ်ပေးတော်မူသည်။
- အဂ္ဂသာဝကကြီး ယာ+ဝဲ (၂)ပါး-ရှင်ဥပါလိတထေရ်၊ ရှင်သဗ္ဗဒဿီထေရ်တို့တည်း။
- အနီးကပ်အလုပ်ကျွေးရဟန်းကား-ရှင်သောဘိတထေရ်တည်း။
- အဂ္ဂသာဝိကာမကြီး ယာ+ဝဲ (၂)ပါး-ရှင်မ သုဇာတာထေရီ၊ ရှင်မ ဓမ္မဒိန္နာထေရီတို့တည်း။
- အဂ္ဂဒါယကာကြီး(၂) ဦး-သန္ဒက သူဋ္ဌေး၊ ဓမ္မကသူဌေး တို့တည်း။
- အဂ္ဂဒါယိကာမကြီး(၂) ဦး-ဝိသာခါဥပါသိကာမ၊ ဓမ္မဒိန္နာဥပါသိကာမ တို့တည်း။
ပိယဒဿီဘုရားရှင်၏အရပ်(ဉာဏ်)တော်မှာ အတောင်(၈၀)မြင့်၍၊ ရောင်ခြည်တော်မှာ-အတိုင်းအဆမရှိ အရပ်မျက်နှာအားလုံး ပျံနှံ့ကွန့်မြူး၏။ ပိယဒဿီမြတ်စွာဘုရားသည် ဗုဒ္ဓကိစ္စအားလုံး ဆောင်ရွက်ပြီးဆုံးသောအခါ သက်တော်(၇၂, ဝဝဝ)ခုနှစ်သောင်းနှစ်ထောင်တွင် သတ္ထာရာမ ညောင်ဗုဒ္ဓဟေ ဥယျာဉ်တော်ကြီး၌ ပရိနိဗ္ဗာန်ဝင်စံတော်မူပါသတည်း။ . . . .
- ပိသာ ပေန္တံ ဓမ္မောဘာသံ၊ ပိဝါသေန္တာ မတောသဓံ။
- ပိယဒဿိံ မုနိံ ဝန္ဒေ၊ ပိသန္တိ ဒေတု မေ ဇယံ။ [၁]
- ပိယဒဿီဗုဒ္ဓဝင်ကို ကြည့်ပါ။
- ပိယဒဿီဘုရားရှင်ကို ကြည့်ပါ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads