ပုဇွန်ဖြေ (အောက်)ရွာ၊ ပုဇွန်ဖြေ
From Wikipedia, the free encyclopedia
Remove ads
ပုဇွန်ဖြေ (အောက်)ရွာ၊ ပုဇွန်ဖြေ သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပုဇွန်ဖြေကျေးရွာအုပ်စုတွင် ပါဝင်သည့် ကျေးရွာတစ်ခု ဖြစ်သည်။
မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေတိုက်စားကာ ချောင်းကမ်းပါးများပြိုကျလာသဖြင့် ဇူလိုင် ၂၄ ရက်နေ့တွင် ပုဇွန်ဖြေအောက်ရွာ မေတ္တာဝါဒီကျောင်းတိုက်အတွင်း နှစ်ပေါင်း ၆၀ ကျော်ကြာ တည်ထားကိုးကွယ်လာသည့် ဘုရားသိမ်တော်မှာ ချောင်းကမ်းပါးနှင့်အတူ တဖြည်းဖြည်း ပြိုကျလာသဖြင့် အရေးပေါ်ရွှေ့ပြောင်းခဲ့ရသည်။ ဘုရားဆင်းတုတော်များအား ကြိုးများဖြင့် သိုင်းပတ်ပြီး မျှောတုန်းပေါ်ပင့်ဆောင်ကာ ရွှေ့ပြောင်းခဲ့ရပြီး ဘုရားဆင်းတုတော်ငါးဆူအား တည်ထားကိုးကွယ်ခဲ့သည့် ပတ်လည် ၅၄ ပေရှိ သိမ်တော်ကိုလည်း ဖြိုဖျက်ပြောင်းရွှေ့ခဲ့ရသည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads