သံတွဲခရိုင်

From Wikipedia, the free encyclopedia

သံတွဲခရိုင်

သံတွဲခရိုင်သည် မြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းတွင် တည်ရှိသော ခရိုင်ဖြစ်သည်။ ခရိုင်မြို့တော်မှာ သံတွဲမြို့ဖြစ်သည်။

အချက်တိုများ သံတွဲခရိုင်, နိုင်ငံ ...
သံတွဲခရိုင်
Thumb
ရခိုင်ပြည်နယ်အတွင်းတည်​နေရာ
Thumb
သံတွဲခရိုင်
ရခိုင်ပြည်နယ်အတွင်းတည်​နေရာ
ကိုဩဒိနိတ်: 18°31′N 94°31′E
နိုင်ငံ မြန်မာ
ပြည်နယ် ရခိုင်
မြို့နယ်ပေါင်း
မြို့တော်သံတွဲမြို့
လူဦးရေ (၂၀၁၄)၃၅၇,၈၄၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)
ပိတ်ရန်

ပထဝီဝင်

မြောက်ဘက်၌ မအီမြစ်သည် ကျောက်ဖြူခရိုင်နှင့် ခြားနားလျက်၎င်း၊ တောင်ဘက်၌ ဂွမြစ်သည် ပုသိမ်ခရိုင်နှင့် ခြားနားလျက်၎င်း ရှိ၏။ အရှေ့ဘက်တွင် ရခိုင်ရိုးမတောင်က ပိုင်းခြားလျက် သရက်ခရိုင်ပြည်ခရိုင်နှင့် ဟင်္သာတခရိုင်တို့ရှိသည်။ အနောက်ဘက်တွက်ကား ဘင်္ဂလားပင်လယ်အော်ရှိ၏။ သံတွဲခရိုင်တွင်း၌ ကျရောက်သော ရခိုင်ကမ်းရိုးတန်းသည် စစ်တွေခရိုင်နှင့် ကျောက်ဖြူခရိုင်အတွင်းရှိ ကမ်းရိုးတန်းကဲ့သို့ အကောက်အကွေ့ နှင့် ကျွန်းစုများစွာမရှိချေ။ သို့ရာတွင်တောင်ထူထပ်၍ ရိုးမတောင်မှ တောင်စွယ်များသည် ကမ်းရိုးတန်းဘက်သို့ ထိုးထွက်နေသည်။ ခရိုင်မြောက်ပိုင်းရှိ တောင်ထွတ်များသည် ပေ ၅ဝဝဝခန့် အထိမြင့်၏။

လမ်းပန်းဆက်သွယ်ရေး

သံတွဲခရိုင်အတွင်းတွင် ရိုးမတောင်ကိုဖြတ်ကျော်သည့် တောင်ကုတ် တောင်ကြားလမ်းရှိ၍ ပြည်မြို့ရွှေတောင်မြို့များနှင့် အဆက်အသွယ်ကောင်းမွန်သည်။ တောင်ကုတ်တောင်ကြားလမ်းသည် တောင်ကုတ်မြို့မှနေ၍ ပြည်ခရိုင်၊ ပန်းတောင်းမြို့အထိ ပေါက်ရောက်၍ လှည်းနှင့်ကားများသွားလာနိုင်လေသည်။ သံတွဲခရိုင်တွင် မအီ၊ တန်းလွဲ၊ တောင်ကုတ်၊ သံတွဲ၊ ကျိန်တလီနှင့် ဂွမြစ်များရှိသည်။ ဂွမြစ်ဝမှာ မီးသင်္ဘောငယ်များ ကျောက်စွဲစခန်းချရန် အလွန်ကောင်းသော နေရာတစ်ခုဖြစ်၏။ ခရိုင်နယ်မြေတစ်ခုလုံး လိုလိုပင် အမြဲစိမ်းလန်းသောသစ်တောများ၊ ဝါးတောများဖြင့် ဖုံးအုပ်နေ၍ လယ်ယာလုပ်ကိုင်ရန် နေရာအလွန်ကျဉ်းမြောင်းသည်။

စီးပွားရေး

သံတွဲခရိုင်၏ရာသီဥတုမှာ အခြားရခိုင်တိုင်းရှိ ခရိုင်များနှင့်မတူဘဲ ကျန်းမာရေးအလွန်ညီညွတ်၏။ ခရိုင်တွင်း စိုက်ပျိုးလုပ်ကိုင်ကြသော သီးနှံများမှာ ဆန်စပါး၊ ကြံ၊ ဝါဂွမ်း၊ ဆေး၊ ဟင်းသီးဟင်းရွက်နှင့် ဓနိများဖြစ်၍ ပိုက်ဆံလျှော်ပင်များလည်း အနည်းငယ်စိုက်ပျိုးသည်။ ဆန်စပါးမှာအဓိကသီးနှံဖြစ်၏။ ငပိ၊ ငါးခြောက်လုပ်ငန်းလည်း တွင်ကျယ်သည်။ သံတွဲခရိုင်သည် ၄၁၅၇ စတုရန်းမိုင်ခန့် ကျယ်ဝန်း၍ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ လူဦးရေ ၃၅၇,၈၄၀ ယောက်ရှိသည်။[] ဗုဒ္ဓအယူဝါဒီရခိုင်နှင့် မြန်မာလူမျိုးများမှာ လူများစုများဖြစ်ကြ၏။ သံတွဲခရိုင်ကို ခရိုင်ခွဲနယ်များမခွဲပဲ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်ဟူ၍ မြို့နယ်သုံးခုခွဲ၍ အုပ်ချုပ်ခဲ့လေသည်။

သံတွဲခရိုင်၏ ခရိုင်ရုံးစိုက်မြို့မှာ သံတွဲမြို့ဖြစ်ခဲ့၍ အစိုးရဌာနအသီးသီးတို့၏ ခရိုင်ရုံးများကို သံတွဲမြို့တွင် စိုက်ခဲ့လေသည်။ ထိုမှတစ်ပါး ဆေးရုံ၊ ဈေးနှင့် စာသင်ကျောင်းများလည်း ရှိလေသည်။[]

ပါဝင်သောမြို့နှင့် မြို့နယ်များ

Thumb
သံတွဲခရိုင်မြို့နယ်များ
  သံတွဲမြို့နယ်
  ဂွမြို့နယ်

၂၀၂၂ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင် သံတွဲခရိုင်အတွင်းမှ တောင်ကုတ်မြို့နယ် အား တောင်ကုတ်ခရိုင်အတွင်းသို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.