ဘန်နီဖြိုး
From Wikipedia, the free encyclopedia
Remove ads
ဘန်နီဖြိုး (၉ ဇူလိုင် ၁၉၉၂ မွေးဖွား )သည် မြန်မာနိုင်ငံသား R&B နှင့် ဟစ်ဟော့ဂီတ အဆိုတော် တစ်ဦးဖြစ်သည်။ ချစ်တယ်ဟုတ် ၊ Stay With me စသည့် သီချင်းများနှင့် နာမည်ကျော်ကြားခဲ့သူဖြစ်သည်။

Remove ads
ငယ်ဘဝနှင့်ပညာရေး
ဘန်နီဖြိုးကို ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့၌ ဦးရဲဝင်းနှင့်ဒေါ်တင်အေးမွန်တို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၂ ယောက်ရှိသည့်အနက် အကြီးဆုံးသားဖြစ်သည်။ ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၆ အ ခြေခံပညာ မူလတန်းကျောင်း၌ ပညာသင်ကြားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၁၀ တန်းစာမေးပွဲအောင်မြင်သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဖြင့် ဘွဲ့ရသည်။
အနုပညာလုပ်ငန်းများ
အဆိုတော်ဘဝအစ
ဘန်နီဖြိုးသည် ငယ်စဉ်ကတည်းက ဂီတကို ခုံမင်ရူးသွပ်ခဲ့သူဖြစ်ပြီး ၄ တန်းအရွယ်၌ သီချင်းများ စမ်းသပ်ရေးသားခဲ့ပြီး အဆိုတော် Rဇာနည်၏ ငါ့ကိုချစ်မယ့်သူ သီချင်းအယ်လ်ဘမ်မှ တစ်ယောက်တည်းသီချင်းအားလည်း Rap စာသားအချို့ထည့်သွင်းကာ ကိုယ်ပိုင်ဟန်ဖြင့် ပြန်လည်ရေးသားခဲ့သည်။ သူသည် ၂၀၀၀ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်များတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
၂၀၀၈ခုနှစ်နှင့် ၂၀၀၉ခုနှစ် ဝန်းကျင်တွင် နှစ်ပတ်လည်'၊ အလွမ်းပြေအနမ်းသီချင်းများ အွန်လိုင်းသီချင်းများတွင် ပျံ့နှံ့ခဲ့ပြီး လူစတင်သိလာခဲ့သည်။၂၀၁၀ပြည့်နှစ်တွင် ဖရန်ဇို (frenzo production)နှင့် ဘိုဘို (Bo Bo Entertainment)တို့မှ ပူးပေါင်းထုတ်လုပ်သော ပျော်စရာကြီးအယ်လ်ဘမ်တွင် ပါဝင်သီဆိုခဲ့သည်။
တစ်ကိုယ်တော်အယ်လ်ဘမ်
၂၀ နိုဝင်ဘာ ၂၀၁၁ခုနှစ်တွင် ပွဲဦးထွက်အဖြစ် ပထမဆုံးသော တစ်ကိုယ်တော်အယ်လ်ဘမ် ချစ်တယ်ဟုတ်၏ အော်ဒီယို စီဒီ(audio CD) ထွက်ရှိခဲ့သည်။၁၉ ဒီဇင်ဘာ ၂၀၁၂ခုနှစ်တွင် ချစ်တယ်ဟုတ်၏ MVထွက်ရှိခဲ့သည်။၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် ဒုတိယမြောက် တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်သော လူပျိုလှည့်တေးထွက်ရှိခဲ့သည်။၂၀၁၄ခုနှစ်တွင် my little birthday treatအမည်ဖြင့် သီချင်း၃ပုဒ်အား အွန်လိုင်းမှတင်ခဲ့ပြီး သူငယ်ချင်းဖြစ်သူ ကိကိနှင့်တွဲဖက်၍ Duoအယ်လ်ဘမ် ထွက်ရှိခဲ့သည်။၂၀၁၅ခုနှစ် အောက်တိုဘာလတွင် လူပျိုလှည့်တေး၏ MVထွက်ရှိခဲ့သည်။
ပထမဆုံး အယ်လ်ဘမ်ထွက်ရှိခြင်း ၅နှစ်ပြည့်ဖြစ်သော ၂၀၁၆ နိုဝင်ဘာလ ၂၀ရက်နေ့တွင် တတိယမြောက်တစ်ကိုယ်တော် အယ်လ်ဘမ် Luckyထွက်ရှိခဲ့သည်။ ထိုအယ်လ်ဘမ်အတွက် MVအား သီးသန့်အယ်လ်ဘမ်မထွက်ရှိခဲ့ဘဲ သီချင်းအချို့ကိုသာ အွန်လိုင်းမှ တင်ပေးခဲ့သည်။၈ခုနှစ် ဇူလိုင်လ ၉ရက်နေ့တွင် စတုတ္ထမြောက်အဖြစ် Neon Dreamsအယ်လ်ဘမ်ထွက်ရှိခဲ့သည်။ဤ အခွေအား ရိုးရိုးအယ်လ်ဘမ်နှင့် အထူးထုတ်အယ်လ်ဘမ် Dreamers Editionဟူ၍ ၂မျိုးထွက်ရှိခဲ့သည်။
တစ်ကိုယ်တော်အယ်လ်ဘမ်များတွင် မပါဝင်သော သီချင်းအချို့ကိုလည်း အွန်လိုင်းမှတစ်ဆင့် ဖြန့်ဝေထားသေးသည်။
တွဲဖက်ဖျော်ဖြေမှုများ
ဘန်နီဖြိုးသည် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ဖျော်ဖြေပွဲများတွင် ဆက်တိုက် ပါဝင်ဖျော်ဖြေခဲ့ပြီး နောက်ပိုင်းတွင် စိုင်းစိုင်းခမ်းလှိုင်၏ ဖရန်ဇို(frenzo)အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်လာခဲ့ကာ ဖရန်ဇိုအဖွဲ့၏ frenzo tours များတွင် ပါဝင်ဖျော်ဖြေနေခဲ့သည်။ ၂၀၁၉ နှစ်သစ်ကူးတွင် forevergroup မှ ကျင်းပသော Myanmar countdown2019 တွင် အဆိုတော် LCYTN .AKA .Lucy Tun နှင့်အတူ ပါဝင်ဖျော်ဖြေခဲ့သည်။
တစ်ကိုယ်တော်ဖျော်ဖြေပွဲများ
ဘန်နီဖြိုးသည် သူ၏တစ်ကိုယ်တော်ဖျော်ဖြေပွဲများကို DREAMWORLDအမည်များဖြင့် ကျင်းပလေ့ရှိသည်။ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲ Dreamworld (2014)အား ၂၀၁၄ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ကျင်းပခဲ့သည်။ ဒုတိယမြောက် ဖျော်ဖြေပွဲ Dreamworld (2020)အား ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ရက်နှင့် ၁၅ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အနီးရှိ the Yangon Galleryတွင် ကျင်းပခဲ့သည်။[၁]

တတိယမြောက်တစ်ကိုယ်တော်ဖျော်ဖြေပွဲများအဖြစ် An Evening with Bunny; Rooftop Experience ခေါင်းစဉ်အျားဖြင့် ၂၀၂၃ခုနှစ် မတ်လ (၄)ရက်နေ့တွင် ရန်ကုန်မြို့၌လည်းကောင်း၊ မေလ (၂၁)ရက်နေ့တွင် မန္တလေးမြို့၌လည်းကောင်း ကျင်းပခဲ့သည်။

သရုပ်ဆောင်
ဘန်နီဖြိုးသည် ကျော်ထွဋ်ဆွေ၊လွှမ်းပိုင်၊Bobby Soxer၊နန်းသူဇာ၊နန်းမြတ်ဖြိုးသင်းတို့နှင့်အတူ Let's Goဟူသော ခရီးသွားအစီအစဉ်တွင် ပါဝင်ခဲ့သည်။၂၀၁၆ခုနှစ်တွင် MNTVနှင့် Channel 9ရုပ်သံများမှ ထုတ်လွှင့်သည့် CHARMဇာတ်လမ်းတွဲများတွင် ဇာတ်ဆောင်နေရာမှ သရုပ်ဆောင်ခဲ့သည်။
Remove ads
လူနေမှုဘဝ
ဘန်နီဖြိုးသည် မြန်မာမိတ်ကပ်ပညာရှင် နှင့် မော်ဒယ်သရုပ်ဆောင် ဟန်နာယူရီ နှင့် ၇ နှစ်ခန့် လက်တွဲခဲ့ပြီး သူတို့၏ ဓာတ်ပုံများကို လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်ပေါ်သို့ တင်ခဲ့ခြင်းဖြင့် ပရိသတ်များအား သိစေခဲ့သည်။[၂]ဘန်နီဖြိုးသည် ၂၀၁၆ ခုနှစ်တွင် အင်တာဗျူးတစ်ခုတွင် သူနှင့် ဟန်နာယူရီ တို့၏ ရည်းစားဘဝသည် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။[၃]
ဘန်နီဖြိုးသည် သူ၏ ၂၄ နှစ်မြောက် မွေးနေ့တွင် မိဘမဲ့များနှင့် သူ၏ပရိသတ်များကို ရန်ကုန်မြို့ရှိ KFC ကြက်ကြော်ဆိုင်တွင် မွေးနေ့ဒါနအလှူအဖြစ် ကျွေးမွေးခဲ့သည်။[၄]
သူ၏ကိုယ်ပိုင်လုပ်ငန်းတစ်ခုအဖြစ် Karrot by Bunny Phyoe အင်္ကျီအမှတ်တံဆိပ်တစ်ခုကို ၂၀၁၅ခုနှစ် ဇူလိုင်၉ရက်နေ့မှ စတင်လုပ်ကိုင်ခဲ့သည်။နောက်ပိုင်းတွင် Her Alchemyနှင့်တွဲကာ HAXK အဖြစ် တွဲဖက်လုပ်ကိုင်လာသည်။[၅]
၂၀၂၀ပြည့်နှစ်တွင် သူ၏ ကိုယ်ပိုင်အမှတ်တံဆိပ် Karrotနှင့် Star Warsတို့ အတူတကွ တရားဝင် ပူးပေါင်းခွင့် ရရှိခဲ့ကာ Star Wars၏ ဇာတ်ကောင်များ၊ စာသားများနှင့် ရုပ်ပုံများအား အဝတ်အစား၊ အိတ်၊ ရေဘူး စသည်တို့တွင် သုံးစွဲခွင့် ရရှိခဲ့သည်ထို့ကြောင့် Karrotသည် Star Warsနှင့် ပူးပေါင်း၍ တရားဝင် ရောင်းချခွင့် ရရှိခဲ့သည့် ပထမဆုံး ပြည်တွင်းအမှတ်တံဆိပ် ဖြစ်လာခဲ့သည်။။၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၂၀ရက်နေ့တွင် ထိုပူးပေါင်းမှု၏ ပထမဆုံးအဖြစ် ပစ္စည်း (၁၁)မျိုးအား စတင် ရောင်းချခဲ့သည်။[၆]
ဂီတ
တစ်ကိုယ်တော်အယ်လ်ဘမ်များ
တွဲဖက်အယ်လ်ဘမ်များ
- Duo (ကိကိကျော်ဇောနှင့်အတူ) (၂၀၁၄)
အွန်လိုင်းအယ်လ်ဘမ်များ
- Burma Heartbreak (၂၀၂၁)
- An Evening with Bunny (၂၀၂၂)
- Me and My Alter-ego
- Side A - ၃၁ ဒီဇင်ဘာ ၂၀၂၃
- Side B - ၁ ဇန်နဝါရီ ၂၀၂၄
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads