မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

From Wikipedia, the free encyclopedia

Remove ads

မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် နွားထိုးကြီးမြို့နယ်မြင်းခြံခရိုင်မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသည်။ ခရီးသွားလာရေးလုပ်ငန်းများ တိုးတက်စေရန်နှင့် ခြောက်သွေ့တော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ၂၀⁠၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။[]

အချက်တိုများ မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော, တည်နေရာ ...
Remove ads

တည်နေရာ

မြောက်လတ္တီတွဒ်၂၁°၂၅'၊ အရှေ့လောင်ဂျီတွဒ် ၉၅°၄၇' နွားထိုးကြီးမြို့နယ်၊ မြင်းခြံခရိုင်၊ မန္တလေးတိုင်းဒေသကြီးတွင်တည်ရှိသည်။ စတုရန်းကီလိုမီတာအားဖြင့် ၂၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

သမိုင်းကြောင်း

မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား ၁၉၀၃ ခုနှစ်တွင် မင်းကုန်တောင်ရှားနှင့် ထင်းကြိုးဝိုင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ရည်ရွယ်ကြောင်း ကြေညာခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မင်းစုံတောင် ဘေးမဲ့တောအဖြစ် သတ်မှတ်တည်ထောင်ခဲ့သည်။

သဘာဝအရင်းအမြစ်များ

ဧရိယာတစ်ခုလုံးတွင် ခြောက်သွေ့တောများဖုံးလွမ်းထားပြီး၊ မြန်မာ့ဒေသမျိုးရင်း(၃)ဖြစ်သော စွေ့ငှက်(White-throated Babbler)၊ နဖားကြူး(Hooded Treepie)၊ မြန်မာဘီလုံး(Burmese Bushlark)တို့အပါအဝင် ငှက်မျိုးစိတ်ပေါင်း (၇၀)ကျော် ကျက်စားနေထိုင်ကြသည်။ ချေ(ဂျီ)၊ ကြောင်ကတိုးရှဉ့်ကြွက်နှင့် လင်းနို့များလည်း ကျက်စားနေထိုင်ကြသည်။ တွားသွားသတ္တဝါ (၂၆)မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၉)မျိုး၊ လိပ်ပြာအမျိုးပေါင်း (၅၀)ကျော်လည်း စစ်ဆေးစာရင်းတွင်ရှိသည်။ အဓိကအားဖြင့် မျိုးတုံးလုနီးပါးဖြစ်နေသော မြန်မာ့ဒေသမျိုးရင်း မြန်မာ့ကြယ်လိပ်များကို တွေ့ရသည်။

ခြိမ်းခြောက်နေသောအန္တရာယ်များ

တောမီးများလောင်ကျွမ်းမှုသည် မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဇီဝမျိုးကွဲများ၏ အဓိကခြိမ်းခြောက်နေသာအန္တရာယ်ဖြစ်နေသည်။ တခြားပြဿနာတစ်ခုမှာ နိုင်ငံခြားဈေးကွက်သို့တင်သွင်းရန်(အထူးသဖြင့် ဂျပန်နိုင်ငံသို့ အိမ်မွေးတိရစ္ဆာန်အဖြစ်) ကြယ်လိပ်များဖမ်းဆီးမှုဖြစ်သည်။ ရံဖန်ရံခါတွင် ဒေသခံပြည်သူများက ထင်းရရန်အလိုငှာ ထိန်းသိမ်းထားသောသစ်တောများခုတ်ယူခြင်းနှင့် တိရစ္ဆာန်စားကျက်မြေအဖြစ် အသုံးပြုခြင်းများဖြစ်သည်။

Remove ads

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

သုတေသနလုပ်ငန်းများ

ကယ်လီဖိုးနီးယားသိပ္ပံအကယ်ဒမီနှင့် ချိတ်ဆက်၍ တွားသွားသတ္တဝါနှင့် ကုန်းနေရေနေသတ္တဝါဆိုင်ရာ လေ့လာရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။

ခရီးသွားလာရေးလုပ်ငန်း

လမ်းပန်းဆက်သွယ်ရေး

ကြည့်ရှု့လေ့လာနိုင်သောအခွင့်အလမ်းများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads