မင်္ဂလာဈေး (မန္တလေး)
From Wikipedia, the free encyclopedia
Remove ads
မင်္ဂလာဈေးသည် မန္တလေးမြို့ရှိ အဓိကဈေးများအနက်မှ တစ်ခုဖြစ်သည်။၁၉၉၈ခုနှစ် မတ်လ ၂၆ရက်နေ့ ဖွင့်လှစ်ခဲ့သည်။ လေးထပ်အဆောက်အဦးဖြစ်ကာ ဈေးဆိုင်ခန်းများနှင့် လူနေတိုက်ခန်းများပါဝင်သည်။၂၀၁၆ခုနှစ် မတ်လ၂၂ရက်နေ့ ညတွင် မီးလောင်ကျွမ်းခဲ့ပြီး ဆက်လက်သုံးစွဲရန် မသင့်လျော်တော့သဖြင့် ဖြိုချခဲ့သည်။ မီးလောင်မှုကြောင့် ရုံးခန်း ၇ ခန်း၊ အရောင်းပြခန်း ၆ ခန်း၊ ဈေးဆိုင်ခန်း ၄၈၁ ခန်း၊ လူနေတိုက်ခန်း ၅၆ ခန်း စုစုပေါင်း အခန်း ၅၅၀ နှင့် ပျံကျဈေးဆိုင်များ အပါအဝင် အခန်းပေါင်း ၇၀၀ ကျော် ဆုံးရှုံးခဲ့ပြီး ကျပ်သန်းပေါင်း ၁ထောင်ကျော် ဆုံးရှုံးခဲ့သည်။
ယာယီမင်္ဂလာဈေးအား ၃၅လမ်းရှိ ဂေါ်ရာကွင်းတွင် ဖွင့်လှစ်ထားရှိသည်။[၁]မူလဆိုင်ခန်းပိုင်ရှင်များ၊မြို့တော်စည်ပင်နှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့ ညှိနှိုင်း၍ မရသဖြင့်[၂] ၂၀၂၁ခုနှစ်အထိ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးပေ။၂၀၂၀ပြည့်နှစ်အတွင်းက တိုင်းအစိုးရအဖွဲ့မှ ထိုနှစ်အတွင်း ၈ထပ်(သို့မဟုတ်)၁၀ထပ်ရှိသော ဈေးကို ပြန်လည်တည်ဆောက်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သော်လည်း လက်တွေ့တွင် တည်ဆောက်နိုင်ခြင်းမရှိခဲ့ပေ။[၃][၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads