မယ်ရာဒစ်သ် ကော်ပိုရေးရှင်း

From Wikipedia, the free encyclopedia

Remove ads

မယ်ရာဒစ်သ် ကော်ပိုရေးရှင်း (Meredith Corporation)သည် အမေရိကန်ပြည်ထောင်စုအိုင်အိုဝါပြည်နယ်ဒယ်မွိုင်းန်မြို့ (Des Moines) အခြေစိုက် အမေရိကန်မီဒီယာလုပ်ငန်းစုကြီးတစ်ခု ဖြစ်သည်။ ၎င်းကုမ္ပဏီသည် မဂ္ဂဇင်းများ၊ ရုပ်မြင်သံကြားဌာနများ၊ ဝက်ဘ်ဆိုက်များနှင့် ရေဒီယိုအသံလွှင့်ဌာနများကို ပိုင်ဆိုင်သည်။ မယ်ရာဒစ်သ်၏ စာနယ်ဇင်းလုပ်ငန်းသည် စာဖတ်ပရိသတ် သန်း ၁၂၀ ကျော်ရှိပြီး၊ အခကြေးငွေပေး၍ ဖတ်ရှုရသော စာနယ်ဇင်းစောင်ရေ သန်း ၄၀ ကျော်ထုတ်ဝေရသည်။ ၎င်း၏ ဝက်ဘ်ဆိုက်များသို့ လစဉ်ပုံမှန် လာရောက် လည်ပတ်ကြည့်ရှုသူ(unique visitors)ပေါင်း ၁၃၅ သန်းနီးပါး ရှိသည်။ မယ်ရာဒစ်သ်၏ ရုပ်မြင်သံကြားဌာနများသည် အမေရိကန်အိမ်ထောင်စုများ၏ ၁၁% အထိ ရောက်ရှိထုတ်လွှင့်နိုင်စွမ်း ရှိသည်။[]

အချက်တိုများ အမျိုးအစား, လုပ်ငန်း ...
Remove ads

သမိုင်းကြောင်း

အက်ဒဝင်သောမတ်စ်မယ်ရာဒစ်သ်သည် "Successful Farming"(အောင်မြင်သော လယ်ယာစိုက်ပျိုးရေး) ဟုခေါ်သော မဂ္ဂဇင်းကိုစတင်ထုတ်ဝေသော ၁၉၀၂ ခုနှစ်တွင် ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သည်။[] ၁၉၂၂ ခုနှစ်တွင် မယ်ရာဒစ်သ်သည် "Fruit, Garden and Home"(သစ်သီး၊ ဥယျာဉ်နှင့် အိမ်ဂေဟာ) မဂ္ဂဇင်းကို အိမ်ဂေဟာနှင့် မိသားစုဆိုင်ရာ မဂ္ဂဇင်းအဖြစ် စတင်ခဲ့သည်။[] ၁၉၂၄ ခုနှစ်တွင် ၎င်းမဂ္ဂဇင်းကို "Better Homes and Gardens"(ပိုကောင်းသော အိမ်ဂေဟာများနှင့် ဥယျာဉ်များ)မဂ္ဂဇင်း[][]ဟု အမည်ပြောင်းကာ ထုတ်ဝေခဲ့ပြီး၊ ပထမဆုံး မဂ္ဂဇင်းကို အမေရိကန်ငွေ ၁၀ ပြားဖြစ် ရောင်ချခဲ့သည်။ ၁၉၃၀-ခုနှစ်တွင် "The Better Homes and Gardens Cook Book"ဟုခေါ်သော ဟင်းချက်နည်းစာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။ ၁၉၄၆-ခုနှစ် တွင်ကုမ္ပဏီသည် အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ ဖြစ်လာခဲ့ပြီး၊ ၁၉၆၅-ခုနှစ်တွင် နယူးယောက်စတော့အိတ်ချိန်းတွင် စာရင်းဝင်ခဲ့သည်။[]

Remove ads

မယ်ရာဒစ်သ် မဂ္ဂဇင်းဌာန

မယ်ရာဒစ်သ် မဂ္ဂဇင်းဌာနလက်အောက်တွင် အောက်ပါ မဂ္ဂဇင်းများပါဝင်သည်။

Remove ads

ဒစ်ဂျစ်တယ် မီဒီယာ ပိုင်ဆိုင်မှုများ

  • Allrecipes.com[] (အစားအစာအခြေခံ လူမှုကွန်ယက် ဝန်ဆောင်မှု ဝက်ဘ်ဆိုဒ်)
  • mywedding.com[] (မင်္ဂလာဆောင်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု ဝက်ဘ်ဆိုဒ်)
  • Myspace (လူမှုကွန်ယက် ဝက်ဘ်ဆိုဒ်)

ကိုးကား

ဆက်စပ်သော ပြင်ပဝက်ဘ်ဆိုဒ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads