မော်လမြိုင်ဘူတာ
From Wikipedia, the free encyclopedia
Remove ads
မော်လမြိုင် ဘူတာသည် မော်လမြိုင်မြို့၊ မွန်ပြည်နယ် ပဲခူး-မော်လမြိုင်- ထားဝယ် လမ်းပိုင်းပေါ်တွင် တည်ရှိသည်။ နှစ်ထပ်ဘူတာရုံသည် ၂၉၀ ပေ (၈၈ မီတာ) ရှည်လျားကာ ၁၁၀ ပေ (၃၄ မီတာ) ကျယ်ဝန်းပြီး ကြမ်းပြင်ဧရိယာ စုစုပေါင်း ၆၃၈,၀၀၀ စတုရန်းပေ ရှိသည်။[၁]
Remove ads
သမိုင်းကြောင်း
ဗြိတိသျှကိုလိုနီခေတ်တွင် မော်လမြိုင် ဘူတာ(Moulmein Railway Station)သည် တနင်္သာရီကမ်းရိုးတန်းတွင် မော်လမြိုင်-ရေး ရထားလမ်းပိုင်း၏ အစ သီးခြားဘူတာအဖြစ်သာ ရှိခဲ့ပြီး ပင်မရထားလမ်းနှင့် မဆက်ရသေးချေ။ ရန်ကုန်မှလာသော ရထားသည် မုတ္တမမြို့တွင်ရပ်ပြီး ခရီးသည်များသည် ကူးတို့လှေဖြင့် သံလွင်မြစ်ကို ဖြတ်ကာ မော်လမြိုင်သို့ ကူးရသည်။ ၂၀၀၆ ခုနှစ်တွင် သံလွင်တံတားတည်ဆောက်ပြီးသောအခါ ပင်မရထားလမ်းနှင့်ဆက်သွယ်ပြီး တိုက်ရိုက်သွားလာနိုင်ခဲ့သည်။ ဘူတာရုံသစ်ကို အများအပြောအရ "အာဆီယံအဆင့်မှီ ဘူတာရုံ"အဖြစ် တည်ဆောက်ခဲ့ပြီး ၁၇ ဧပြီ ၂၀၀၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။[၂] ဘူတာရုံ မြေနီကုန်း(Myenigon)အနီး မော်လမြိုင်မြို့မဈေးကြီး၏ အရှေ့ဘက် ၃ ကီလိုမီတာအကွာတွင် တည်ရှိသည်။[၃]
Remove ads
ဝန်ဆောင်မှု
ဘူတာရုံသည် နိုင်ငံ၏ ၅,၀၆၈-ကီလိုမီတာ (၃,၁၄၉-မိုင်) ရှည်လျားသော အမျိုးသားရထားကွန်ယက်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။[၄] မြန်မာ့မီးရထားမှ ရန်ကုန်နှင့် မော်လမြိုင်သို့ ရထားနှစ်စင်း ပြေးဆွဲရာ ပထမအစုန်ရထားသည် ရန်ကုန်မှ မနက် ၇ နာရီတွင် ထွက်ခွာခဲ့ပြီး မော်လမြိုင်သို့ ညနေ ၅ နာရီတွင် ရောက်ရှိသည်။ ဒုတိယအစုန်ရထားသည် ရန်ကုန်မှ ညနေ ၆ နာရီတွင် ထွက်ခွာခဲ့ပြီး မော်လမြိုင်သို့ နံနက် ၄ နာရီအချိန်တွင် ရောက်ရှိသည်။ မော်လမြိုင်မှ ပထမအဆန်ရထားသည် မနက် ၆ နာရီတွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၅ နာရီအချိန်တွင် ဆိုက်ရောက်သည်။ ဒုတိယ အဆန်ရထားသည် မော်လမြိုင်မှ ည ၉ နာရီတွင် ထွက်ခွာပြီး ရန်ကုန်သို့ မနက် ၈ နာရီတွင် ဆိုက်သည်။[၃]
Remove ads
ပြင်ပလင့်များ
မော်လမြိုင် ရထားဘူတာရုံ 19 February 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads