မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်

ျမန္မာ From Wikipedia, the free encyclopedia

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
Remove ads

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (အင်္ဂလိပ်: Myanmar Institute of Information Technology) သည် မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့ချမ်းမြသာစည်မြို့နယ်တွင် တည်ရှိသည်။[] အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့ နိုင်ငံတကာ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်ကို နမူနာထားကာ မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ တည်ထောင်ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဆောက်လုပ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသည်။[]

အချက်တိုများ တည်နေရာ, ဝဘ်ဆိုဒ် ...

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်သည်။ တက္ကသိုလ်ဖွင့်လှစ်ပြီး ငါးနှစ်အထိ ဘန်ဂလိုမြို့ အပြည်ပြည်ဆိုင်ရာ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်မှ အကူအညီများပေးမည် ဖြစ်သည်။[]

တက္ကသိုလ်ဖွင့်လှစ်စတွင် အိန္ဒိယနိုင်ငံမှ သင်ကြားသူဆရာ ၉၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ ဆရာ ၁၀ ရာခိုင်နှုန်းဖြင့် စတင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ဆရာ ၈၀ ရာခိုင်နှုန်းအထိ တိုးချဲ့ရန် ရည်ရွယ်သည်။[]

Remove ads

သင်တန်းများ

တက္ကသိုလ်အနေဖြင့် ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် မာစတာဘွဲ့သင်တန်းများ ဖွင့်လှစ်ပို့ချမည် ဖြစ်သည်။ ၅ နှစ်ကြာမြင့်မည့် ဘွဲ့ကြိုသင်တန်းအတွက် သင်တန်းသား တစ်ထောင် ခေါ်ယူမည် ဖြစ်သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads