မြိုင်ကြီးငူဆရာတော်
ကရင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး From Wikipedia, the free encyclopedia
Remove ads
မြိုင်ကြီးငူဆရာတော် ဦးသုဇန သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြိုင်ကြီးငူတွင် သီတင်းသုံးသော ကရင် ထေရဝါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ ဆရာတော်သည် ကရင် အမျိုးသား အစည်းအရုံးတွင် ပါဝင်ခဲ့ပြီး ခရစ်ယာန်ဘာသာဝင်များနှင့် သဘောထားကွဲပြားမှုကြောင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် ကို ခွဲထွက်ဖွဲ့စည်းခဲ့သည်။
ဆရာတော်သည် တိုက်ပွဲကြောင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြသော ဗုဒ္ဓဘာသာကရင်တိုင်းရင်းသားများကို မြိုင်ကြီးငူအထူးဒေသသို့ ပြန်လည်ခေါ်ယူကာ ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ မြိုင်ကြီးငူအထူးဒေသသည် ဒီကေဘီအေ တပ်မတော်၏ ဌာနချုပ်တည်ရှိရာ နေရာတစ်ခုလည်းဖြစ်သည်။
၂၀၁၀ ခုနှစ်တွင် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် ပြိုကွဲချိန်အထိ ဆရာတော်က ခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သည်။[၂]
၂၀၁၁၊ ဇွန်လတွင်မူ မြိုင်ကြီးငူအထူးဒေသရှိ ကရင်နယ်ခြားစောင့်တပ် တပ်ရင်း(၄)ရင်းသည် မြိုင်ကြီးငူဆရာတော်၏ အမိန့်ဖြင့် ဒီကေဘီအေ အဖြစ် ပြန်လည်ခံယူခဲ့သည်။ [၃]
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့နယ်ခွဲကျေးရွာ စုံစည်းမြိုင် ကျေးရွာရှိ DKBA အဖွဲ့သည် မြိုင်ကြီးငူဆရာတော် ဦးသုဇန ဦးဆောင်မှုနဲ့ အတူ KNU ကရင့်အမျိုးသား အစည်းအရုံး ကနေ ၁၉၉၄ ခုနှစ်မှာ စတင် ခွဲထွက်ခဲ့ပြီးနောက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA အဖြစ် ရပ်တည်ခဲ့ရာကနေ ၂၀၁၂ခုနှစ်၊ ဧပြီလမှာ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA အဖြစ် နာမည်ပြောင်းလဲ ရပ်တည်နေသော အဖွဲ့ ဖြစ်သည်။
Remove ads
ပျံလွန်တော်မူခြင်း
မြိုင်ကြီးငူဆရာတော်သည် အဆုတ်ရောဂါဖြင့် ဘန်ကောက်မြို့ ဘန်ရွမ်ဂရက် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရာမှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၄][၅]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads