ယောဂမုဒြာ

From Wikipedia, the free encyclopedia

ယောဂမုဒြာ
Remove ads

တရားအားထုတ်နေဟန် ဖြစ်သည်။

Thumb

ဈာနမုဒြာ, သမာဓိမုဒြာတို့နှင့် ဟန်တူသည်။ ယောဂဟတ္ထဟုလည်း ခေါ်ကြသည်။

ခြေ တင်ပလ္လင်ခွေထိုင်ကာ လက်ျာလက်ဝါးသည် လက်ဝဲလက်ပါးပေါ် ထပ်တင်ကာ တင်ပလ္လင်ခွေ ခြေပေါ် လက်နှစ်ဘက်ယှက်၍ တင်ထားသောဟန် ဖြစ်သည်။ ဈာနယောဂ ကျင့်နေဟန်ကို သဏ္ဌာန် ဆောင်ထားသည်။

တခါတရံ ယောဂီပုဂ္ဂိုလ်များ၏ ရုပ်ပွားများတွင် လက်များကို တင်ပလ္လင်ခွေ ဒူးများပေါ်တွင် တင်ထားတတ်သည်။ လက်နှစ်ဖက်ကို ခွဲခြားထားသော်လည်း ယောဂမုဒြာပင် ဖြစ်ပေသည်။

အတ္တသမာပဏိဓိမင်္ဂလာ, တပေါစမင်္ဂလာ, ဗြဟ္မစရိယမင်္ဂလာ, ဓမ္မစရိယ မင်္ဂလာများကို သဏ္ဌာန် သရုပ်ဆောင်ပြထားခြင်း ဖြစ်သည်။

ဈာနပါရမီ, ပညာပါရမီ, နိက္ခမ္မပါရမီ, ဝီရိယပါရမီ, အဓိဋ္ဌာနပါရမီ စခန်းများသို့ ညွှန်းပြထားပေသည်။

သန္တရသနှင့် ဝိမုတ္တိရသကို ပေါ်လွင်စေသည်။

ပုံစံအားဖြင့် စမ္ပာပြည် အန္နန်မြို့တော်မှ ဆယ်ရာစုနှစ် အေဒီပုံ ၅၁၁-တွင် တွေ့ရှိနိုင်ပါသည်။ ပုဂံဆေးရေးပန်းချီများနှင့် အခြားရုပ်ဘုများတွင် ပစ္စေကဗုဒ္ဓါပုံများ, တောရပ်ဆောက်တည်နေသော ရသေ့ရဟန်းပုံများ, ယောဂီပုဂ္ဂိုလ်များ၏ ရုပ်ပုံများတွင် ဤ ယောဂမုဒြာဖြင့် တွေ့ရှိရတတ်ပေသည်။

ယောဂမုဒြာဖြင့် ရုပ်ပွားဆင်းတုများကို ကိုးကွယ်လျှင် ဈာနမုဒြာမှာကဲ့သို့ပင် အကျိုးထူးများကို ရရှိနိုင်သည်ဟု ကျမ်းဂန်များ၌ မိန့်ဆိုထားပါသည်၊ [] [] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads