ရွှေစေတီ ဘုန်းကြီးကျောင်း

From Wikipedia, the free encyclopedia

ရွှေစေတီ ဘုန်းကြီးကျောင်းmap
Remove ads

ရွှေစေတီ ဘုန်းကြီးကျောင်းသည် စစ်တွေမြို့ရခိုင်ပြည်နယ်တွင်တည်ရှိပြီး ကျော်ကြားလှသော ဘုန်းကြီးကျောင်းတစ်ခုလည်း ဖြစ်သည်။ ရွှေစေတီကျောင်းကို ၁၉၀၃ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အချက်တိုများ ရွှေစေတီ ဘုန်းကြီးကျောင်း, အချက်အလက်များ ...
Remove ads

အရေးကြီး အချက်အလက်များ

ရွှေစေတီဘုန်းကြီးကျောင်းတွင် ၁၉၂၀ ခုနှစ်မှ ၁၉၃၀ အတွင်းလောက်တွင် ဆရာတော် ဦးဥတ္တမ သီတင်းသုံးခဲ့သည်။ ဆရာတော်သည် နိုင်ငံရေးကို ပါဝင်ပတ်သက်ခဲ့သည့် ပထမဆုံးသော ဘုန်းကြီးတစ်ပါးဖြစ်ပြီး ယနေ့ခေတ် နိုင်ငံရေးခံယူချက်များကို ချမှတ်ခဲ့သော အရေးပါသော သူတစ်ဦးလည်းဖြစ်သည်။ ဆရာတော်အား မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ဦးဆောင်ဆောင်ရွက်ခဲ့သူ အမျိုးသားခေါင်းဆောင်တစ်ဦးအနေဖြင့် ယနေ့အချိန်အထိ သတ်မှတ်ထားကြဆဲ ဖြစ်သည်။

ရွှေစေတီကျောင်းသည် မြန်မာနှင့် ရခိုင်အမျိုးသားတို့၏ နိုင်ငံရေးအမြင်ဆုံရာ ဗဟိုချက်ဖြစ်သကဲ့သို့ နိုင်ငံရေးသဘောတရား ရင့်သန်လာသော ဗုဒ္ဓဘာသာအမြင်များ ပေါက်ဖွားရာနေရာလည်း ဖြစ်သည်။ ယခုအခါ ဒေသခံများ၏အကျိုးကို ရည်မျှော်ကာ ဘုန်းတော်ကြီးသင်ကျောင်းအဖြစ် ဖွင့်လှစ်ထားသကဲ့သို့ ရခိုင်ယဉ်ကျေးမှု ကျောင်းအဖြစ်လည်း ဖွင့်လှစ်ထားသည်။

ဘုန်းကြီးကျောင်းသို့ အိန္ဒိယဝန်ကြီးချုပ်များဖြစ်ကြသော ဂျဝါဟာလာ နေရူးအင်ဒီယာ ဂန္ဒီတို့ လာရောက်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်လည်း ၂၀၀၂ ခုနှစ်တွင် လာရောက်လည်ပတ်ခဲ့သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads