လိင်ဖြင့်မျိုးပွားခြင်း

From Wikipedia, the free encyclopedia

Remove ads

လိင်ဖြင့် မျိုးပွားခြင်း သည် မိဘ နှစ်ပါး တို့၏ ဂျီးများ (genes) ကို ပေါင်းစပ်၍ ကွဲပြားသော မျိုးဆက်သစ်များ ဖြစ်ပေါ်သော နည်းဖြစ်သည်။ ဂျီး မျိုးဆက်များ ပျံနှံ့ခြင်းကို ခရိုမိုဇုန်း (chromosome) ရှိ dixoyribonucleic acid (ဒီအန်အေ) များ ပေါင်းစပ်ခြင်းဖြင့် ဆောင်ညှင်းပြီး မျိုးဆက်သစ်တွင် ခရိုမိုဇုန်း နှစ်မျိုး သယ်ဆောင် ပါဝင်သည်။ ခရိုမိုဇုန်း နှစ်ခု ပါဝင်သော အခြေကို diploid ဟုခေါ်ပြီး[] ခရိုမိုဇုန်း တစ်ခုသာ ပါဝင်သော အခြေကို haploid ဟုခေါ်သည်။ diploid သက်ရှိရုပ်စု သည်လည်း မိရိုးစစ် (meiosis) နည်းဖြင့် ခရိုမိုဇုန်း တစ်ခုကို ကျပန်းခွထုတ်ခြင်းဖြင့် haploid ဆဲလ် (ဂမိတ်) အဖြစ် ပြောင်းနိုင်သည်။ မိရိုးစစ် နည်းစဉ်တွင် တူညီသော ခရိုမိုဇုန်း များအားရော၍ အသစ်ဖြစ်ပေါ်ပြီး ခရိုမိုဇုန်း ပေါင်းစပ်ခြင်း (chromosome crossover) အဆင့် တစ်ခုလည်းပါသည်။ ခရိုမိုဇုန်း ပေါင်းစပ်ခြင်း နှင့် သန္ဓေအောင်ခြင်း (fertilization) သည် မျိုးဆက်သစ်တွင် မိဘ နှင့် ခြားနားသော ဂျီး မျိုး ကို ရှိစေသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads