လွန်းကျော်ရွာ၊ နောင်ချိုမြို့နယ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကြိမ်ဂနိုင်ကျေးရွာအုပ်စု၌ From Wikipedia, the free encyclopedia

Remove ads

လွန်းကျော်ရွာ (အင်္ဂလိပ်: Lunkyaw)သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်နောင်ချိုမြို့နယ်ကြိမ်ဂနိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကြိမ်ဂနိုင်ကျေးရွာအုပ်စုတွင် ကျား ၃၂၇၅ ဦး၊ မ ၃၂၆၇ ဦး၊ လူဦးရေ စုစုပေါင်း ၆၅၄၂ ဦးနေထိုင်သည်။

အချက်တိုများ လွန်းကျော်, နိုင်ငံ ...

အာရှလမ်းမကြီးဘေးရှိ လွန်းကျော်ရွာ မှာ ပဒေသရာဇ် ခေတ် ကတည်းက တည်ရှိခဲ့သောရှေးဟောင်းရွာတရွာ ဖြစ်ပြီး ကိုလိုနီခေတ် အထိ တရားဝင် ရွာအဖြစ် သတ်မှတ်ခဲ့သည်။[ကိုးကားချက်လိုသည်] လွတ်လပ်ပြီး ခေတ်တွင် ကြိမ်ဂနိုင်ရွာ အနီးမှ ရွာငယ်တရွာအဖြစ် ကြိမ်ဂနိုင်ရွာ နှင့် ရောထွေးကာ တရားဝင် ရွာစာရင်းများတွင် မပါဝင်တော့ သော်လည်း ရွာမှာ တည်ရှိနေသည်။ ရှမ်းပြည်နယ်အတွင်း စစ်အစိုးရ အဆက်ဆက်က တရားဝင် အသိအမှတ်မပြုသော မြို့ ရွာ များစွာ ရှိနေပါသည်။ လွန်းကျော် သည် ၎င်းတို့အထဲမှ တခုဖြစ်သည်။ လွန်းကျော် ရွာသားများက ရွာကို တရားဝင် စာရင်း ထည့်သွင်းနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

Remove ads

ထင်ရှားသောနေရာ

လွန်းကျော်ရွာထိပ် အာရှလမ်းမကြီးဘေး လွန်းကျော်စေတီမှာ ရှေးဟောင်းစေတီတော် တဆူ ဖြစ်သည်။ စေတီကို နတ်များ စောင့်ရှောက်သည်ဟု လွန်းကျော်ရွာသားတို့ ယုံကြည်ကြသည်။

လွန်းကျော် ထုံးကုန်း မှာ နောင်ချိုမြို့နယ်အတွင်း အဓိက ထုံး ထုတ်လုပ်ရာ နေရာတခု ဖြစ်ပြီး နောင်ချို၊ ပြင်ဦးလွင်၊ မန္တလေး ဈေးကွက်များသို့ ထုံးများ တင်ပို့ ရောင်းချလျက်ရှိသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads