ဝိတက္ကမုဒြာ

From Wikipedia, the free encyclopedia

ဝိတက္ကမုဒြာ
Remove ads

ကြံစည်ဟန်, ဆွေးနွေးဟန်ဖြစ်သည်။

Thumb

ဤဝိတက္ကမုဒြာသည် စိန္တမုဒြာ, ဈာနမုဒြာ, သမာဟိတမုဒြာတို့နှင့် မျိုးတူဖြစ်သော်လည်း ယင်းတို့၏အခြေခံပါဒ အနုစားသဘောမျှသာ ရှိသည်ဟု မိန့်ဆိုကြသည်။

လက်ျာလက်မောင်းကို ကွေး၍ လက်ဝါးကို ပြင်ဘက်သို့ လှန်ပြထားကာ လက်ညှိုးနှင့်လက် သူကြွယ်တချောင်း ချောင်းကို လက်မထိပ်နှင့် ထိထားသည်။

ကျန် လက်ချောင်းများကို အပေါ်သို့ ထောင်ထားသော ဟန်ဖြစ်သည်။ တြိပတက ဟတ္ထပုံတွင် လက်သူကြွယ်ကို လက်မဖြင့်ဖိထား၍ ကျန်သုံးချောင်းကို ထောင်ပြထားသည်ကို နှိုင်းယှဉ်ကြည့်သင့်သည်။

သာဓနမာလာကျမ်းတွင် ဤမုဒြာကို ဖော်ပြထားခြင်းမရှိရကား နောက်မှ ပေါ်ပေါက်တီထွင် မုဒြာဖြစ်ဟန် တူပေသည်။ တိဗက် ရုပ်ပွားဆင်းတု ပဋိမာသိပ္ပံ လွှမ်းမိုးသော ဟန်မျိုးဖြစ်ပေသည်။

ဓမ္မေသု အပ္ပမာဒမင်္ဂလ, ဓမ္မသာကစ္ဆာ မင်္ဂလာများကို သရုပ်ပြထားသည်။

အဗ္ဘုတရသ, သန္တရသတို့ကို ပေါ်လွင်စေသည်။

ဈာနပါရမီ, ပညာပါရမီ စခန်းများသို့ ညွှန်ပြ ရည်ဆောင်ပေသည်။

ပုံစံအားဖြင့် ဂေါတမဗုဒ္ဓ, မေတ္တေယျ, တာရာ, ခေတ္တိဂဗ္ဘ, အာကာသဂဗ္ဘ စသောရုပ်ပွားဆင်းတု များတွင် ဤမုဒြာပုံကို တွေ့ရသည်။

ရန်ကုန်မြို့၊ ကမ္ဘာအေး ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပြတိုက်တွင် ဝိတက္ကမုဒြာဖြင့် ဆင်းတုတော်တဆူကို ပြသထားပါသည်။

ပုဂံမြို့၊ အာနန္ဒာစေတီအပယ်ရတနာလိုဏ်ဂူဘုရားများ အတွင်းရှိ ရုပ်ပွားဆင်းတုတော်နှင့် ဆေးရေးပန်းချီများတွင် ဝိတက္ကမုဒြာဟန်ကိုတွေ့ရှိရပါသည်။

ဝိတက္ကမုဒြာ ပုံဟန်ဖြင့် ရုပ်ပွားဆင်းတုများကို ထုလုပ်စီရင် ကိုးကွယ်သောသူသည် အကြံအစည် ထိုးထွင်းအောင်မြင်ခြင်း, စိတ်ကူးဉာဏ် ဆန်းသစ်ပွင့်လင်းခြင်း, အဘိဓမ္မာ သဘာဝတရားကို ဟုတ်တိုင်းမှန်စွာ ပေါက်ရောက်သိမြင်ခြင်း, ဗဟုသုတ ကြွယ်ဝခြင်း, ဉာဏ်ပညာထက်မြက်ခြင်း, သမာဓိဈာန် အဘိညာဉ်ရရှိခြင်း, အယူဝါဒထူးခြား ဆန်းပြားချက်များကို သိရှိနားလည်ခြင်း, တီထွင်မှု အောင်မြင်ခြင်း စသော အကျိုးထူးများကို ရရှိနိုင်သည်ဟူ၍၎င်း, ဤမုဒြာဖြင့် ရုပ်ပွားတော်ရှိသော ရပ်ရွာဒေသပြည်နယ်တွင် ပညာရှိသူတော်စင်များ ပေါ်ပေါက်ထွန်းကားတတ်သည် ဟူ၍၎င်း, ပဋိမာ သိပ္ပံကျမ်းများ၌ မြွက်ဆိုဖော်ပြ ထားလေသည်။[][] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads