သက္ကမဘာသာစကား

From Wikipedia, the free encyclopedia

Remove ads

သက္ကမဘာသာစကား (/ˈɑːkmə/; autonym: 𑄌𑄋𑄴𑄟𑄳𑄦 𑄞𑄌𑄴) သက္ကမလူမျိုး နှင့် ဒိုင်းနက်လူမျိုး များ ပြောဆိုသည့် အင်ဒို-အာရိယာန် ဘာသာစကား တစ်ခုဖြစ်သည်။ ၎င်းနှင့် အနီးစပ်သော ထင်ရှားသည့် ဘာသာစကားများမှာ အာသံဘာသာစကား၊ Hajong ဘာသာစကား၊ ဘင်္ဂါလီဘာသာစကားစစ်တကောင်းဘာသာစကား၊ မဏိပူရ၏ Bishnupriya Manipuri ဘာသာစကား၊ Tanchangya ဘာသာစကား နှင့် Sylheti ဘာသာစကားတို့ ဖြစ်သည်။ သက္ကမဘာသာစကားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ စစ်တကောင်း ကုန်းမြင့်ဒေသတွင်နေထိုင်သည့် လူဦးရေ ၃၁၀ ၀၀၀ ခန့်ကလည်းကောင်း၊ အိန္ဒိယ နိုင်ငံ၊ အာသံနယ်နှင့် တြိပူရနယ်တွင် လူဦးရေ ၃၀၀၀၀၀ ခန့်ကလည်းကောင်း၊ မီဇိုရမ်နယ်တွင် လူဦးရေ ၄၀၀၀၀ ကျော်ခန့်ကလည်းကောင်း ပြောဆိုသုံးစွဲကြသည်။ သက္ကမဘာသာစကားကို ရေးသားရန်အတွက် သက္ကမအက္ခရာ ကို အသုံးပြုသည်။ သို့သော် သက္ကမဘာသာစကားဖြင့် ရေးသားထားသော စာပေများမှာ နည်းပါးသည်။

အချက်တိုများ သက္ကမ, ဒေသခံ ...

သက္ကမလူမျိုးများ အဓိကနေထိုင်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးတွင် သက္ကမဘာသာစကားကို တရားဝင် ရုံးသုံးဘာသာစကားအဖြစ် ပြဋ္ဌာန်းထားခြင်း မရှိပါ။

၂၀၁၁ ခုနှစ်အထိ သက္ကမဘာသာစကားဖြင့် ထုတ်လွှင့်သော ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များ မရှိပါ။ သို့သော် အင်တာနက် လူမှုမီဒီယာများနှင့် YouTube တို့တွင် အသုံးပြုမှုများ ရှိသည်။

Remove ads

မှတ်စု

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads