သတ္တုကြွယ်ဝမှု

ဟိုက်ဒရိုဂျင်နှင့်ဟီလီယမ်မဟုတ်သောဒြပ်စင်တို့၏ဒြပ်ထု From Wikipedia, the free encyclopedia

သတ္တုကြွယ်ဝမှု
Remove ads

နက္ခတ္တဗေဒတွင် သတ္တုကြွယ်ဝမှုဆိုသည်မှာ ဟိုက်ဒရိုဂျင် သို့မဟုတ် ဟီလီယမ်ထက် ဓာတုဒြပ်စင်များ ကြွယ်ဝမှုကိုဆိုလိုသည်။ စကြဝဠာတွင် ဟိုက်ဒရိုဂျင်နှင့် ဟီလီယံတို့သည် အများဆုံး တည်ရှိသည်ဖြစ်ရာ နက္ခတ္တပညာရှင်များက ယင်းဒြပ်စင်မှလွဲ၍ ကျန်သောဒြပ်စင်တို့ကို ရည်ညွှန်းရာတွင် သတ္တုကြွယ်ဝမှုဟူသော စကားလုံးကို သုံးနှုန်းခြင်းဖြစ်သည်။ ဤအသုံးအနှုန်းသည် အစိုင်အခဲ သတ္တုများနှင့် ကွဲပြားသည်။ ဥပမာ ကြယ် သို့မဟုတ် နက်ဗျူလာတစ်ခုသည် ကာဗွန်နိုက်ထရိုဂျင်အောက်ဆီဂျင်နှင့် နီယွန်များ သိသိသာသာ ပေါများနေပါက နက္ခတ္တရူပဗေဒစကားအရ သတ္တုကြွယ်ဝသော ကြယ် အစရှိသည်ဖြင့် ခေါ်ဝေါ်ကြသည်။ သို့သော် ဓာတုဗေဒအလိုအားဖြင့် ယင်းတို့သည် သတ္တုများ မဟုတ်ကြပေ။ သီအိုအရ ဟိုက်ဒရိုဂျင်နှင့် ဟီလီယံထက် ပိုမိုလေးလံသောဒြပ်စင်များသည် ကြယ်များ၏ ပင်မအူတိုင်ထဲတွင် ဖြစ်တည်လာကြသည်။ အချိန်ကြာလာသော် ဆူပါနိုဗာများသည် ယင်းလေးလံသော ဒြပ်စင်များကို ဘေးပတ်ဝန်းကျင်သို့ ပျံနှံ့စေခဲ့သည်။ ယင်းကဲ့သို့ လေးလံဒြပ်စင်များသည်ပင် ကြယ်များပေါက်ဖွားရာ အခြေခံပစ္စည်းများ ဖြစ်လာပြီး သံသရာလည်နေတော့သည်။ သက်တမ်းရင့်သော ကြယ်များတွင် သတ္တုပါဝင်မှုသည် ငယ်ရွယ်သော ကြယ်များထက် ပိုမိုနည်းပါးကြသည်။ ၁၉၄၄ ခုနှစ်တွင် နက္ခတ္တပညာရှင်များက ကြယ်များ၏ရောင်စဉ်များကို ခွဲခြမ်းစိပ်ဖြာပြီး အဆင့်အတန်း ၂ မျိုး ခွဲခြားခဲ့ကြသည်။[] ယင်းတို့မှာ Population I (သတ္တုကြွယ်ဝ) နှင့် Population II (သတ္တုကြွယ်ဝမှုနည်းပါး) တို့ဖြစ်ကြပြီး တတိယတစ်ခုဖြစ်သည့် Population III အမျိုးအစားကိုမူ ၁၉၇၈ ခုနှစ်တွင် မိတ်ဆက်ခဲ့သည်။[][][] ယင်းအမျိုးအစားကြယ်တို့သည် သတ္တုကြွယ်ဝမှု အင်မတန်နည်းပါးပြီး စကြဝဠာတွင် ပထမဆုံး ပေါက်ဖွားသည့်ကြယ်များဟု သီအိုရီပြုထားသည်။

Thumb
ကြယ်အစုအဝေး M80 ရှိ ကြယ်များသည် ပင်မအားဖြင့် သတ္တုကြွယ်ဝမှုနည်းပါးသော Population II ကြယ်အမျိုးအစားများဖြစ်ကြသည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads