သမဝါယမ ဝန်ကြီးဌာန
မြန်မာနိုင်ငံဝန်ကြီးဌာန From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် တစ်ခု အပါအဝင် ဖြစ်သည်။
သမဝါယမအဓိပ္ပါယ် သမဝါယမဟူသော စကားရပ်သည် ပါဠိစကားဘာသာစကားဖြစ်သည့် သမနှင့် ဝါယမ ပေါင်းစပ်ထားသော ဝေါဟာရ ဖြစ်သည်။
သမ = ပူးပေါင်းခြင်း
ဝါယမ = အင်အားစိုက်ထုတ်ဆောင်ရွက်ခြင်း
ထို့ကြောင့် သမဝါယမမှာ “အတူတကွပူးပေါင်းဆောင်ရွက်ခြင်း ဟု အဓိပ္ပါယ် ရပါသည်။ သမဝါယမ၏ ဆောင်ပုဒ်မှာ “One for all, All for one” ဖြစ်၍ အဓိပ္ပါယ်အားဖြင့် “တစ်ဦးစီ၏အကျိုးကို အများက၊ အများအကျိုးကို တစ်ဦးစီက ပူးပေါင်းဆောင်ရွက်ခြင်း” ပင် ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
သမဝါယမဝန်ကြီးဌာနကို ၁၉၅၁ ခုနှစ်၊ ဧပြီလ(၅)ရက်နေ့တွင် သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ(၂၆)ရက် တွင် ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာန ဟူ၍ ပြုပြင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၅ ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့တွင် ကုန်သွယ်ရေး ဝန်ကြီးဌာန ဟူ၍ သီးခြားဝန်ကြီးဌာန ဖွဲ့စည်း တည်ထောင်သောအခါ ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနသည် သမဝါယမ ဝန်ကြီးဌာနအဖြစ် ပေါ်ပေါက်လာခဲ့သည်။ [၁]
ဖွဲ့စည်းပုံ
သမဝါယမ ဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာန(၃) ခုရှိသည်။ ၎င်းတို့မှာ -
တို့ဖြစ်သည်။
သမဝါယမဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ
- သမဝါယမဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိန်းသိမ်းစောင့်ရှောက်ရေး၊
- နိုင်ငံတော်ကို အထောက်အကူပြုသည့် သမဝါယမစီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်စေရေး၊
- ပြည်သူများအကြား သမဝါယမစိတ်ဓာတ်နှင့် သမဝါယမသဘောတရား၊ သမဝါယမအသိပညာများ ပြန့်ပွားလာရေး၊
- အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း၍ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊ လူမှုစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးကို ဆောင်ရွက်ပေးရေး၊
လုပ်ငန်းစဉ်များ
- အခြေခံသမဝါယမအသင်းများ ဖွဲ့စည်းပြီး ပြည်သူများ လိုအပ်နေသော အရင်းအနှီး ရရှိစေရေးအတွက် အသေးစားချေးငွေ Microfinance လုပ်ငန်း ဆောင်ရွက်ပေးရန်၊
- Microfinance လုပ်ငန်းအတွက် လိုအပ်သော အရင်းအနှီးငွေကြေး ရရှိအောင် Microfinance Bank ထူထောင် ဆောင်ရွက်ခြင်း၊ နိုင်ငံတကာမှ Aid, Grant နှင့် Concessional Loan များ ရရှိအောင် ဆောင်ရွက်ခြင်း၊
- လူမှုစီးပွားဘဝ မြင့်မားစေရေးအတွက် အထောက်အကူပြုရန်နှင့် တိုင်းပြည်စီးပွားရေးကို ထိရောက်စွာ အထောက်အကူပြုနိုင်ရန်အတွက် သမဝါယမအသင်းများကို ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော သမဝါယမအသင်းများအဖြစ် အဆင့်မြှင့်တင်ရန်၊
- သမဝါယမတက္ကသိုလ်/ ကောလိပ်များမှ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော သမဝါယမ စီးပွားရေးပညာတတ်များ မွေးထုတ်ပေးရန်၊
- သမဝါယမသင်တန်းကျောင်းများမှ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်သူများ မွေးထုတ်ပေးရန်၊
သမဝါယမ ဝန်ကြီးဌာနအနေဖြင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အောက်ပါ အဓိကလုပ်ငန်းတာဝန်ကြီး (၃) ရပ်ကို ဆောင်ရွက်လျက်ရှိသည်။
- စည်းရုံးခြင်း (Organizing)၊
- ပညာပေးခြင်း (Educating)၊
- ကြီးကြပ်ကွပ်ကဲခြင်း (Regulating)
စည်းရုံးခြင်း
စည်းရုံးခြင်းနှင့်ပတ်သတ်၍
- သမဝါယမအသင်းများ ဖွဲ့စည်းနိုင်ရန် စည်းရုံးခြင်း၊
- သမဝါယမအသင်းများ ကျစ်လျစ်ခိုင်မာမှုရှိစေရန် စည်းရုံးခြင်း၊
- သမဝါယမအသင်းများ ပြန်လည်ဖွဲ့စည်းခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းတို့ ဆောင်ရွက်သည်။
ပညာပေးခြင်း
သမဝါယမကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမတက္ကသိုလ် (၂)ကျောင်း၊ သမဝါယမဒီဂရီကောလိပ် (၂)ကျောင်း၊ သမဝါယမ ကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်း (၃)ကျောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်း (၄)ကျောင်း ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၀-၂၀၁၁ ခုနှစ်အထိ ရန်ကုန်သမဝါယမဒီဂရီကောလိပ် (ယခုသမဝါယမတက္ကသိုလ်(သန်လျင်))မှ ဘွဲ့ရရှိသူ (၃၄၁၅) ဦးနှင့် သမဝါယမကောလိပ်များမှ ဒီပလိုမာရရှိသူ (၇၉၀၀) ဦးနှင့် သင်တန်း ကျောင်း များမှ သင်တန်းအောင်မြင်သူ (၂၉၇)ဦး ရှိခဲ့သည်။ သမဝါယမပညာ ပြန့်ပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ အသင်းသားများနှင့် ရက်တိုဆွေးနွေးပွဲ ပြုလုပ်ပြီး သမဝါယမသဘောတရားများနှင့် မူဝါဒများ၊ သမဝါယမဥပဒေနှင့် စည်းကမ်း ဥပဒေညွှန်ကြားချက်များ၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများ၊ ဆောင်ရွက်ဆဲသမဝါယမ လှုပ်ရှားမှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း စသည်တို့ဖြင့် အသင်းသားများအတွက် အကျိုးရှိမည့် သရုပ်ပြပွဲများ ပြုလုပ်ပေးလျက်ရှိသည်။ အသင်းသားမဟုတ်သေးသော အများပြည်သူတို့အား သမဝါယမလှုပ်ရှားမှု သတင်းများကို လူထုပညာပေးနည်းလမ်းဖြင့် ပညာပေး လျက်ရှိသည်။ မြို့နယ် သမဝါယမ ဦးစီးဌာနများမှလည်း သမဝါယမအသင်းအတွက် အသင်းသား စာရင်းစစ်သင်တန်းများ၊ အဆင့်မြင့် စာရင်းစစ်သင်တန်းများ၊ ဒါရိုက်တာအဖွဲ့ဝင်များအတွက် သမဝါယမသဘောတရားများ၊ ဆွေးနွေးပွဲများနှင့် ဌာနဝန်ထမ်းများအတွက် သမဝါယမ ကွင်းဆင်း နည်းပေးလမ်းပြ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
ထိန်းကျောင်းခြင်း
ဖွဲ့စည်းပြီး သမဝါယမအသင်းများကို သမဝါယမ မူဘောင်အတွင်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် သမဝါယမ ဦးစီးဌာနအဆင့်ဆင့်ရှိ ဝန်ထမ်းများက ထိန်းကျောင်းခြင်းများ ပြုလုပ်သည်။ အဓိကအားဖြင့် သမဝါယမအဆင့်ဆင့်တို့၏ လုပ်ငန်းနှင့် စာရင်းများစနစ်တကျ ရှင်သန် ဖွံ့ဖြိုးလာစေရန် ထိန်းကျောင်းခြင်းနှင့် ပြည်နယ်/တိုင်းဒေသကြီး/မြို့နယ် သမဝါယမဦးစီးဌာန များ၊ သမဝါယမသင်တန်းကျောင်းများ၊ ကောလိပ်၊တက္ကသိုလ်များအား ဌာနတွင်းကြီးကြပ်စစ်ဆေးမှု များ ပြုလုပ်နေသည်။ သမဝါယမအသင်းများအား စစ်ဆေးရာတွင် သာမန်စစ်ဆေးခြင်း၊ စီမံမှုစစ်ဆေးခြင်းနှင့် အထူးစုံစမ်းစစ်ဆေးခြင်း ဟူသော စစ်ဆေးခြင်းနည်းလမ်း(၃)ရပ်ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
Remove ads
ကိုးကား
ဆက်လက်ဖတ်ရှုရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads