သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
From Wikipedia, the free encyclopedia
Remove ads
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် တည်ရှိသည့် ဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်တစ်ခု ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် သီတဂူဆရာတော်မှ တည်ထောင်ခဲ့သည်။ တက္ကသိုလ်တွင် ရဟန်းများ၊ သီလရှင်များနှင့် လူများကို ဗုဒ္ဓစာပေများ သင်ကြားပေးလျက် ရှိသည်။[၁]
Remove ads
တည်နေရာ
တက္ကသိုလ်သည် ဆွမ်းဦးပုညရှင်စေတီတော်၏ အောက်ဘက်တွင် တည်ရှိသည်။ အဆောက်အဦး (၆) ခု ရှိပြီး စာသင်ခန်းများ၊ ရုံးခန်းများ၊ တရားအားထုတ်ရန် နေရာများ၊ စာကြည့်တိုက် စသည်တို့ ပါဝင်သည်။ ထိုအဆောက်အဦးများတွင် သာဝတ္ထိ ခန်းမ၊ ကပိလဝတ္ထု ခန်းမ၊ လုမ္ဗနီခန်းမ၊ နာလန္ဒခန်းမ၊ အဓိပတိအဆောင်၊ ဂန္ဓာရ ခန်းမ၊ ရာဇဂဟ ခန်းမနှင့် ဒေဝဒဟ ခန်းမတို့ ပါဝင်သည်။[၁]
သမိုင်းကြောင်း
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို ၁၉၉၄ မေလ ၂၄၊ မြန်မာသက္ကရာဇ် ၁၃၅၆ ကဆုန်လပြည့်တွင် စတင် ပန္နတင်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။ ၁၉၉၈ နိုဝင်ဘာ ၂၇၌ ဒီပလိုမာသင်တန်း အောင်လက်မှတ်ချီးမြင်းခြင်းနှင့်အတူ တက္ကသိုလ်ကို စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ကာ ၂၀၀၃ ဇွန်လ ၁၇တွင် ဘီအေသင်တန်းများအား စတင်သင်ကြားပေးနိုင်ခဲ့သည်။[၂]
ပေးအပ်သည့် ဘွဲ့များ
တက္ကသိုလ်တွင် အောက်ပါ ဒီပလိုမာဘွဲ့များနှင့် ဒီဂရီဘွဲ့များကို ပေးအပ်သည်။
- Diploma in Language Studies (English, Pali, Sanskrit, or Hindi)
- Diploma in Buddhist Studies
- B.A. in Buddhist Studies
- M.A. in Buddhist Studies
- 2 of 3 2018-12-03, 1:45 PM
- Ph.D. in Buddhist Studies[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads