သုဇာတဘုရား

From Wikipedia, the free encyclopedia

သုဇာတဘုရား
Remove ads

သုမေဓမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံ ကြွသွားတော်မူပြီးသည့်နောက် ဤမဏ္ဍကမ္ဘာ ၌ပင်လျှင် လူတို့သက်တမ်း အနှစ်(၉၀, ဝဝဝ) ကိုးသောင်းမှ (၁၀) နှစ်တမ်းအထိဆုတ်ခဲ့ပြီး တဖန် (၁၀) နှစ်တမ်းမှ တဖန်အချေယျတမ်းအထိ တက်လာသည်။ တဖန်အသင်္ချေယျတမ်းမှ ပြန်ဆုတ်လာရာ လူတို့ အသက်(၉၀, ဝဝဝ) ကိုးသောင်းတမ်းသို့ရောက်သောအခါ

ဖြစ်တော်စဉ်

သုဇာတ မြတ်စွာဘုရားအလောင်းတော်သည် ဝီရိယာဓိက ဆုပန်ဘုရားဖြစ်၍(၁၆)သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရာ ပြည့်ညီပြီဖြစ်သဖြင့် တုသိတာ နတ်နန်းမှ လူပြည်စခန်းသက်ဆင်းခဲ့ပြီး သုမင်္ဂလ နေပြည်တော် ဥဂ္ဂတမင်းကြီး နန်းတော်တွင် အဂ္ဂမဟေသီ ပဘာဝတီဒေဝီမိဖုရားကြီးမှ သုဇာတသားတော်ကို ဖွားမြင်တော်မူသည်။ အလောင်းတော်မင်းသားအရွယ်ရောက်လျှင် သိရီစန္ဒာဒေဝီမိဖုရားဖြင့် သားတော်ဥပသေန မင်းသားဖွားမြင်သည်အထိ သိရီ၊ ဥပသိရီ၊ သိရီနန္ဒ နန်းမသုံးဆောင်တို့၌ ဆောင်း၊ နွေ၊ မိုး ဥတုသုံးလီကို နှစ် ပေါင်း(၉, ဝဝဝ)ကိုးထောင် တိုင်တိုင် ရွှေနန်းစည်းစိမ်ကို ခံစားစံစားတော်မူသည်။ ဥယျာဉ်ကစားထွက်ကြွစဉ် နိမိတ်ကြီးလေးပါးကို တွေ့မြင်ကာ ထိတ်လန့်မှု့ သံဝေဂကြီးစွာရ၍ မင်္ဂလာမြင်းယာဉ်စီကာ တောထွက်တော်မူခဲ့သည်။ ဒုက္ကရစရိယာအကျင့်ကို(၉) လကြာ ကျင့်ပွား၍ မဟာဝေဠုဗောဓိ-ကြခတ်ဝါးပင်ကြီးကိုအမှီပြုကာ သဗ္ဗညုတဉာဏ်တော်ကိုရပြီး သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ်ဖြစ်တော်မူသည်။

Remove ads

ဂေါတမဘုရားအလောင်းတော်

ထိုသုဇာတဘုရားလက်ထက်တော်၌ အကျွန်ုပ်တို့၏ ဂေါတမဗုဒ္ဓ အလောင်းလျာသည် စကြဝတေးမင်းကြီးဖြစ်၍ သုဇာတ ဘုရားအမှူးရှိသော သံဃာတော်တို့အား ကြီးစွာသော အလှူကို ပေးလှူပြီး ရဟန်းပြုခဲ့လေရာ မြတ်စွာဘုရားအလောင်းတော်အား နောင်အခါ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူသည်။

တပည့်သာဝကများ

  • အဂ္ဂသာဝကကြီး ယာ+ဝဲ (၂)ပါး-ရှင်သုဒဿနထေရ်၊ ရှင်သုဒေဝထေရ်တို့တည်း။
  • အနီးနေအလုပ်ကျွေးရဟန်းကား-ရှင်နာရဒထေရ်တည်း။
  • အဂ္ဂသာဝိကာမကြီး ယာ+ဝဲ (၂)ပါး-ရှင်မ နာဂါထေရီ၊ ရှင်မ နာဂသမာလာထေရီတို့တည်း။
  • အဂ္ဂဒါယကာကြီး(၂) ဦး-သုဒတ္တသူဋ္ဌေး၊ စိတ္တသူဋ္ဌေးတို့တည်း။
  • အဂ္ဂဒါယကာမကြီး (၂) ဦး-သုဘဒ္ဒါဥပါသိကာမ၊ ပဒုမာဥပါသိကာမတို့တည်း။

သုဇာတဘုရားရှင်၏ အရပ်တော် (ဉာဏ်တော်)မှာ အတောင်(၅၀)ငါးဆယ်ရှိ၍ ရောင်ခြည်တော်မှာ-အထက်ဝန်းကျင် အရပ်မျက်နှာ တို့သို့ အတိုင်းအရှည်မရှိ အလိုရှိသလို ပျံ့နှံ့ကွန် မြူးတော်မူသည်။ ဗုဒ္ဓကိစ္စအားလုံးပြုဆောင်ပြီးသောအခါ သက်တော် (၇၂, ဝဝဝ) ခုနှစ်သောင်းနှစ်ထောင်ရှိသောအခါ စန္ဒဝတီမြို့အနီး သီတာရာမ အရာမ်အတွင်း၌ ပရိနိဗ္ဗာန်ဝင်စံ ဇာတ်သိမ်းတော်မူပါသတည်း။ . . .

၁၅။ သုဇာတ-ဘုရားရှိခိုး+ဆုတောင်းဂါထာ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads