သုမေဓဘုရား
နှစ်ကျိပ်ရှစ်ဆူအနက် ၁၄ ဆူမြောက် ဘုရား From Wikipedia, the free encyclopedia
Remove ads
ပဒုမုတ္တရမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးသည့်နောက် ဘုရားတစ်ဆူသာပွင့်သော သာရကမ္ဘာကြီးပျက်စီးသွားတော့သည်။ ထို့နောက် ဘုရားမပွင့်သော သုညကမ္ဘာပေါင်း (၃၀၀, ဝဝဝ)သုံးသောင်းတို့အထက်၌ တစ်ခုသော ကပ်ကမ္ဘာတွင် သုမေဓ၊ သုဇာတ(သု၊ သု) ဘုရားနှစ်ဆူပွင့်သော မဏ္ဍကမ္ဘာဖြစ်သည်။ ထိုမဏ္ဍကမ္ဘာတွင် သုမေဓမြတ်စွာဘုရား ဦးစွာပွင့်တော်မူသည်။
သုမေဓဘုရားအလောင်းတော်သည် (၁၀)ပါးပါရမီ ပြည့်ညီပြီဖြစ်သောကြောင့် စံနေရာ တုသိတာနတ်ပြည်မှ လူ့ပြည်သို့သက်ဆင်း၍ သုဒဿနမြို့တော် သုဒတ္တမင်းကြီး၏ အဂ္ဂမဟေသီ သုဒတ္တာဒေဝီမိဖုရားကြီးမှ သားတော် သုမေဓ မင်းသား ဖွားတော်မူသည်။ အလောင်းတော် သုမေဓ မင်းသားသည် သုမနာဒေဝီမင်းသမီးနှင့် သားတော် သုနဗ္ဗသုမင်းသားဖွားသည့် ကာလတိုင်အောင် သုစန္ဒ, ကဉ္စန, သိရီဝဍ္ဎန ရွှေနန်းသုံးဆောင်၌နှစ်ပေါင်း (၉, ဝဝဝ)ကိုးထောင် ကာလပတ်လုံး ထီးနန်းစည်းစိမ်ကို ခံစားစံစားတော်မူသည်။ အလောင်းတော် မင်းသားသည် ဥယျာဉ်တော်ကစားစဉ် သူအို၊ သူနာ၊ သူသေ၊ ရဟန်း၊ နိမိတ်ကြီးလေးပါးကို တွေ့မြင် ထိတ်လန့်မှုသံဝေဝင်ကာ ဆင်ရတနာယာဉ်စီး၍ တောထွက်တော်မူခဲ့သည်။
ဒုက္ကစရိယာအကျင့်ကို(၁၅)ရက်ကျင့်တော်မူ၍ နီပရုက္ခဗောဓိ-မအူဗောဓိပင်ကိုအမှီပြုကာ သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ်ဖြစ်တော်မူသည်။
Remove ads
သုမေဓမြတ်စွာဘုရားပွင့်ထွန်းလာသောအခါ ဂေါတမဗုဒ္ဓဘုရားအလောင်းလျာသည် ဥတ္တရ မည်သော ဗြဟ္မဏလုလင် သူကြွယ်ဖြစ်၍ ကုဋေ(၈၀) ကြွယ်ဝချမ်းသာသည်။ သုမေဓ ဘုရားအမှူးထားကာ တပည့်သံဃာများစွာတို့အား ကြီးစွာသောအလှူကြီးကို ပေးလှူပြီး ရဟန်း ပြုခဲ့သည်။ မြတ်စွာဘုရားရှင်က ဤရဟန်းသည် နောင်အခါ ဂေါတမအမည်ဖြင့် ဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်စကား မိန့်ကြားခဲ့သည်။
- အဂ္ဂသာဝကကြီး ယာ+ဝဲ(၂)ပါး-အရှင်သရဏထေရ်၊ သဗ္ဗကာမထေရ်တို့တည်း။
- အနီးနေအလုပ်ကျွေးရဟန်းကား-ရှင်သာဂရထေရ်တည်း။
- အဂ္ဂသာဝိကာမ ယာ+ဝဲ(၂)ပါး-အရှင်မ ရာမာထေရီ၊ သုရာမာထေရီတို့တည်း။
- အဂ္ဂဒါယကာကြီး(၂) ဦး-ဥရုဝေလ သူဌေး၊ ယသဝါသူဌေးတို့တည်း။
- အဂ္ဂဒါယိကာမကြီး(၂) ဦး-အသောစရာ ဥပါသိကာမ၊ သိရီမာဥပါသိကာမတို့တည်း။
သုမေဓမြတ်စွာဘုရား၏ အရပ်တော် (ဉာဏ်တော်) မှာ-(၈၈)ရှစ်ဆယ့်ရှစ်တောင်မြင့်၍၊ ရောင်ခြည်တော်ကား-တစ်ယူဇနာ အမြဲပျံ့နှံ့ ကွန့်မြူးသည်။ သုမေဓမြတ်စွာဘုရားသည် ဝေနေယျသတ္တဝါတို့အား တရားရေအေး အမြိုက်ဆေး တိုက်ကျွေးပြီးလျှင် ဗုဒ္ဓကိစ္စ ပြည့်စုံအောင် ဆောင်ရွက်ကာ သက်တော် (၇၂, ဝဝဝ) ခုနှစ်သောင်းနှစ်ထောင်တွင် မေဓာရာမ ဥယျာဉ်တော်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူပါသတည်း။
- သုဒ္ဓါစာရံ ပကာသေန္တံ၊ သုဒ္ဓဓမ္မံ သုဒေသကံ။
- သုမေဓံ ဓမ္မဒံ ဝန္ဒေ၊ သော မေ ဒေတု ဇိနော ဇယံ။ [၁]
- သုမေဓဗုဒ္ဓဝင်ကို ကြည့်ပါ။
- သုမေဓဘုရားရှင်ကို ကြည့်ပါ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads