သောကာဝါသသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—ယောက်ျားကြီး ယောက်ျားငယ်တို့၌ ရောရောနှောနှော နေထိုင်၍ ကြမ်းတန်းသော သောက၏ တည်ရာဖြစ်သော စဏ္ဍကာဠီမည်သော သိက္ခမာန်ကို ရဟန်းပြုပေးမှု။
အမှုသည်—ထုလ္လနန္ဒာ။ [၁]
ထိုသို့ ဘိက္ခုနီပေးမှုကြောင့် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
ယာ ပန ဘိက္ခုနီ ပုရိသသံသဋ္ဌံ ကုမာရကသံသဋ္ဌံ စဏ္ဍိံ သောကာဝါသံ သိက္ခမာနံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
အသက် ၂၀ လွန်ပြီးသော ယောက်ျားကြီးတို့နှင့် ရောရောနှောနှော နေတတ်သော, အသက် ၂၀ မပြည့်သေးသော သတို့သားတို့နှင့်လည်း ရောရောနှောနှောနေတတ်သော (ကိုယ်နှုတ် စိတ်ပါ) ကြမ်းထန်းသော ယောက်ျားတို့၏ အတွင်း (မမြင်ရလျှင် မနေနိုင်လောက်အောင်) သောကကို သွင်းတတ်-(မိမိက မမြင်ရလျှင်လည်း သောကဖြစ်နေတတ်သဖြင့်) သောကဟူသော နေရာလည်းရှိသော သိက္ခမာန်ကို ရဟန်းပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
