သဿတဒိဋ္ဌိ

From Wikipedia, the free encyclopedia

သဿတဒိဋ္ဌိ
Remove ads

အတ္တဝါဒီသမားတို့သည် အာရုံ (၆)လုံးကိုပင် ဖြစ်စေ၊ အာရုံ တစ်ပါးကိုပင် ဖြစ်စေ၊ အာရုံ အများစုကိုပဲ ဖြစ်စေ အတ္တဟု စွဲလမ်းယုံကြည်ကြ၏။ အတ္တသည် ဘဝတစ်ခုပြီးတစ်ခု အမြဲတန်း ပြောင်းရွှေ့နေ၏။ ပြုလုပ်ဖွယ်မှန်သမျှကို အတ္တက ပြုလုပ်၏။ ဥပမာ- ကွေးသည်က အတ္တက စေခိုင်းသည့်အတိုင်း ကွေး၏၊ ဆန့်သည်က အတ္တက စေခိုင်းသည့်အတိုင်း ဆန့်၏၊ အာရုံတို့ကို ခံစားနေသည်က အတ္တက ခံစား နေ၏၊ “ဟိုသွားပါ, ဒီသွားပါ, ဟိုဟာလုပ်ပါ, ဒီဟာလုပ်ပါ” စသည်ဖြင့် စီမံ ခန့်ခွဲနေသည်က အတ္တကနေ စီမံခန့်ခွဲနေတာပါ၊ အတ္တသည် ခန္ဓာအိမ်မှာ အမြဲရှိ၏၊ ဘဝတစ်ခုပြီးတစ်ခု ပြောင်းသော်လည်း အတ္တက မသေကျေ မပျက်စီးဘူး၊ အကျိတ်အခဲ အမြဲတည်နေ၏၊ ခန္ဓာအိမ်မှာ အမြဲနေ၏၊ ခန္ဓာအိမ်ကို ပိုင်ဆိုင်နသော သဘာဝတစ်ခုဖြစ်၏ စသည်ဖြင့် စွဲလမ်း ယုံကြည်ကြ၏။

အာရုံခြောက်ပါးကိုပင် အတ္တဟု စွဲလမ်းယုံကြည်ပြီ မြဲ၏ အမြဲ ဖြစ်၏ဟု ဖြစ်သော အယူကို သဿတဒိဋ္ဌိဟု ခေါ်သည်။ []

သဿတဒိဋ္ဌိနှင့် ယှဉ်တွဲပြီး အာရုံခြောက်ပါးကို တွယ်တာနေသောတဏှာကို ဘဝတဏှာဟုလည်းခေါ်သည်။[]

Remove ads

သဿတဒိဋ္ဌိ ၁၅-ပါး

ယင်းတွင် သဿတဒိဋ္ဌိ-သည် —

(၁) အရိပ်ရှိသော သစ်ပင်ကို “သစ်ပင်နှင့် အရိပ် တခြားစီ ဖြစ်သည်”ဟု ရှုသကဲ့သို့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်ဟူသော နာမ်တရားကို “အတ္တ”ဟုယူ၍ ယင်း-အတ္တကို “ရုပ်ရှိသည်” ဟု ရှုသောအားဖြင့် ယူသောဒိဋ္ဌိ,

(၂) အနံ့ ရှိသော ပန်းပွင့်ကို “ပန်းပွင့်နှင့်အနံ့ တခြားစီ ဖြစ်သည်”ဟု ရှုသကဲ့သို့ ယင်း နာမ်တရား ၄-ပါးကို “အတ္တ”ဟုယူ၍ “ယင်း-အတ္တ၌ ရုပ် တရားတည်ရှိသည်”ဟု အတ္တ၌ ရုပ်ကိုရှူသောအားဖြင့် ယူသော ဒိဋ္ဌိ,

(၃) ကြုတ်၌ ထည့် ထားသော ပတ္တမြားကို “ပတ္တမြားနှင့် ကြုတ် တခြားစီပင် ဖြစ်သည်”ဟု ရှူသကဲ့သို့ ယင်း-နာမ်တရား ၄-ပါးကိုပင် “အတ္တ”ဟု ယူ၍ “ယင်း-အတ္တသည် ရုပ်၌တည်ရှိသည်”ဟု

  • ရုပ်၌ အတ္တကို ရှုသောအားဖြင့်ယူသော ဒိဋ္ဌိ-အားဖြင့် ရုပ်သက်သက်ကိုစွဲ၍ ရုပ်၌ ၃-ပါး,
  • သညာ, သင်္ခါရ, ဝိညာဉ်, ရုပ်ဟူသော နာမ်-ရုပ်ကိုစွဲ၍ ဝေဒနာ၌ ၃-ပါး,
  • သင်္ခါရ, ဝိညာဉ်, ရုပ်, ဝေဒနာဟူသော နာမ်-ရုပ်ကိုပင် စွဲ၍ သညာ၌ ၃-ပါး,
  • ဝိညာဉ်, ရုပ်, ဝေဒနာ, သညာကို စွဲ၍ သင်္ခါရ၌ ၃-ပါး,
  • ရုပ်, ဝေဒနာ, သညာ, သင်္ခါရကိုစွဲ၍ ဝိညာဉ်၌ ၃-ပါးစီ ပြားခြင်းကြောင့် ၁၅-ပါး အပြားရှိ၏။ []
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads