ဟန်ဂေရီ အမျိုးသား ဘောလုံးအသင်း
From Wikipedia, the free encyclopedia
Remove ads
ဟန်ဂေရီ အမျိုးသား ဘောလုံးအသင်း (ဟန်ဂေရီ: Magyar labdarúgó-válogatott; အင်္ဂလိပ်: Hungary national football team) သည် ဟန်ဂေရီနိုင်ငံကို ကိုယ်စားပြုသော အမျိုးသား ဘောလုံးဖြစ်ကာ ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်က စီမံအုပ်ချုပ်သည်။ ဖီဖာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲများတွင် (ကွာတား၊ ဆီမီး အပါအဝင်) ကိုးကြိမ်၊ ဥရောပဖလားပြိုင်ပွဲ ဗိုလ်လုပွဲများတွင် (ကွာတာ၊ဆီမီး အပါအဝင်) သုံးကြိမ်တိုင်တိုင် တက်လှမ်းနိုင်ခဲ့သည်။ အိမ်ကွင်းပွဲစဉ်များကို ပုရှ်ကာ့ရှ် အားကစားကွင်းတွင် ကျင်းပကြ၍ ထိုကွင်းကို ၂၀၁၉ နိုဝင်ဘာတွင် ဖွင့်လှစ်ခဲ့ကြသည်။
ဟန်ဂေရီအသင်းသည် ဂုဏ်သိက္ခာရှိသော ဘောလုံးသမိုင်းတစ်ရပ်ကို ပိုင်ဆိုင်ထားကာ အိုလံပစ်ပြိုင်ပွဲတွင် သုံးကြိမ် ဗိုလ်စွဲထားသည်။ ၁၉၃၈ နှင့် ၁၉၅၄ ကမ္ဘာ့ဖလား၏ ဒုတိယဆုရှင်ဖြစ်ခဲ့၍ ၁၉၆၄ ဥရောပဖလားတွင် တတိယဆု ချိတ်ခဲ့သည်။ ၁၉၅၀နှစ်များတွင် ဟန်ဂေရီသည် အားကစားတော်လှန်ရေးတစ်ခုဖြစ်ပွားခဲ့ပြီး 'နေရာစုံဖြည့် နည်းဗျူဟာ' (Total Football) အခြေခံ နည်းစနစ်ပိုင်းများကို အခြေချပေးခဲ့ကာ (၂၀)ရာစုနှစ်၏ ထိပ်တန်းဂိုးသွင်းရှင် ဖဲရန့်တ်စ် ပုရှ်ကာ့ရှ်ပါဝင်ခဲ့သော ရွှေရောင်အသင်းနှင့်အတူ နိုင်ငံတကာဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့သည်။[၄][၅][၆][၇] ပုရှ်ကာ့ရှ်ကို ရည်ရွယ်၍ ဆုအသစ်တစ်မျိုး 'ပုရှ်ကာ့ရှ်ဆု' ကို တီထွင်ပေးခဲ့သည်။ ထိုခေတ်ကာလက အသင်းသည် အဲလိုအဆင့် (Elo Ranking) အမြင့်ဆုံးရရှိခဲ့၍ ၁၉၅၄ တွင် အမှတ် ၂၂၃၀ ဖြင့်ရပ်တည်နိုင်ခဲ့ကာ (၃၁)ပွဲ ရှုံးပွဲမရှိဖြင့် ဘောလုံးသမိုင်းတစ်လျှောက် ရှုံးပွဲမရှိစံချိန်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုစံချိန်သည် လေးနှစ်တာကာလအထိဖြစ်ခဲ့ပြီး ရာစုနှစ်၏ အကောင်းဆုံးပွဲ (အင်္ဂလန် vs ဟန်ဂေရီ) အပါအဝင်ဖြစ်သည်။
ဤသို့အောင်မြင်မှုများရှိသော်လည်း ဟန်ဂေရီအသင်းသည် ၁၉၆၈ ဖီဖာ ကမ္ဘာ့ဖလားမှ ဖယ်ရှားခြင်း ခံခဲ့ရသည်မှစ၍ ကမ္ဘာ့ဖလားပွဲများတွင် နှစ်ကာလများစွာ ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ နှစ်သုံးဆယ်ကြာကြာ ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ ၁၉၉၆ ၌ ဖီဖာအဆင့် (၈၇) ဖြင့်ရပ်တည်ခဲ့၍ ၂၀၀၈ ဥရောပခြေစစ်ပွဲ အုပ်စုပွဲစဉ်တွင်လည်း အဆင့်(၆)သာ ရရှိခဲ့သည်။ ၂၀၁၆ ဥရောပဖလားပြိုင်ပွဲတွင် နှစ်ပေါင်းလေးဆယ်အတွင်း အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပြီး (၁၆)သင်း အဆငိ့သို့ ရောက်ရှိခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads