နယ်သာလန် အမျိုးသား ဘောလုံးအသင်း
From Wikipedia, the free encyclopedia
Remove ads
နယ်သာလန် အမျိုးသား ဘောလုံးအသင်းသည် နယ်သာလန်နိုင်ငံ၏ လက်ရွေးစင် ဘောလုံးအသင်း ဖြစ်ပြီး တော်ဝင် ဒပ်ချ်ဘောလုံး အစည်းအရုံး လက်အောက်တွင် ရှိသည်။ နယ်သာလန်အသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်းများထဲက တစ်သင်းအဖြစ် ကျယ်ပြန့်စွာ ယူဆကြသည်။ အိမ်ကွင်းပွဲစဉ်အများစုကို ယိုဟန်ခရပ်ဖ် အားကစားကွင်းနှင့် ဖေယန်နူးကစားကွင်းတို့၌ လက်ခံကျင်းပလေ့ရှိသည်။
နယ်သာလန်အသင်းကို Het Nederlands Elftal ("ဒတ်ချ် ၁၁") (သို့) အောရိမ့်ညာ-နားဆာအွတ်အိမ်တော် (House of Orange-Nassau) ကို အစွဲပြု၍လည်းကောင်း ၎င်းတို့၏ ထင်ရှားသိသာသော အသင်းဝတ်စုံ(လိမ္မော်) ကိုအစွဲပြု၍လည်းကောင်း "Oranje" ဟူ၍ အရပ်သုံးစကားဖြင့်လည်း ခေါ်ဝေါ်ကြသည်။ နိုင်ငံကဲ့သို့ပင် ရံခါ၌ အရပ်သုံးသဘောအနေဖြင့် "ဟော်လန်"အသင်း ဟူ၍လည်း ခေါ်ကြသည်။ အသ်းကိုအားပေးသော ပရိသတ်အစုအဖွဲ့သည် "Het Oranje Legioen" (လိမ္မော်ရောင်တပ်ပေါင်းစု) အမည်ဖြင့် ကျော်ကြားသည်။[၁]
နယ်သာလန်အသင်းသည် ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၀ ကြိမ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၇၄၊ ၁၉၇၈၊ ၂၀၁၀ တို့တွင် ဒုတိယနေရာဖြင့် ရပ်တည်နိုင်ခဲ့သည်။ ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲတွင် ကိုးကြိမ်အထိ ပါဝင်ထားကာ ၁၉၈၈ တွင် ချန်ပီယဆုရရှိခဲ့၏ ။ ၁၉၀၈၊ ၁၉၁၂၊ ၁၉၂၀ အိုလံပစ်ပြိုင်ပွဲများ၌ ကြေးတံဆိပ်များကို ရရှိခဲ့ပေသည်။ နယ်သာလန်အသင်းသည် အိမ်နီးချင်းတိုင်းပြည်များဖြစ်သည့် ဘယ်လ်ဂျီယမ်၊ ဂျာမနီ အသင်းတို့နှင့် ကာလရှည်ကြာ ပြိုင်ဖက်များဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads