ဟားမီးဇ်
From Wikipedia, the free encyclopedia
Remove ads
ဟားမီးဇ် (ဂရိ: Ἑρμῆς; အင်္ဂလိပ်: Hermes) သည် ဂရိဒဏ္ဍာရီ နှင့် ရှေးခေတ်ဂရိဘာသာမှ အိုလံပတ်တောင် နတ်ဘုရားတစ်ပါးဖြစ်သည်။ နတ်ဘုရားတို့၏ ရှေ့တော်ပြေး တမန်တစ်ပါးဖြစ်ကာ လူသားတမန်တော်များ၊ ခရီးသည်များ၊ သူခိုးများ[၁]၊ ကုန်သည်များ၊ ဇာတ်ထုပ်ဟောဆရာများ ကို ကာကွယ်စောင့်ရှောက်သူတစ်ဦးလည်းဖြစ်သည်။[၂][၃] လူသားကမ္ဘာနှင့် နတ်ဘုရားကမ္ဘာတို့ကြား လျှင်လျင်မြန်မြန် လွတ်လွတ်လပ်လပ် သွားလာနိုင်သူဖြစ်၍ ၎င်းဝတ်ဆင်ထားသော အတောင်ပံပါသည့် ဖိနပ်များအကူအညီဖြင့် ထိုသို့သွားလာနိုင်ခြင်းဖြစ်သည်။ ဝိဉာဉ်များကို မြေအောက် ကမ္ဘာသို့ လမ်းပြခေါ်ဆောင်သူတစ်ဦးလည်း ဖြစ်သည်။[၄][၅]
ဒဏ္ဍာရီတွင် ဟားမီးဇ်သည် နတ်ဘုရားတို့၏ တမန် ကိုယ်စားလှယ်တော်အဖြစ် ဆောင်ရွက်ပြီး[၆] ဇုစ် နှင့် မိုင်းယာတို့၏ သားတော်အဖြစ် ဖော်ပြကြသည်။ ကျီစယ်စနောက်သောနတ်တစ်ပါးအဖြစ်လည်း သတ်မှတ်ရာ[၇] 'ဟားမီးဇ်ကို ပူဇော်သော ဟိုးမားဓမ္မတေး'တွင် လူကြိုက်အများဆုံး အကြောင်းကို ရေးသားဖော်ပြထားသည်။[၈]
၎င်း၏ စွမ်းရည်များနှင့် ပြယုတ်များတွင် ၎င်းဦးခေါင်းပုံထုထားသော လေးထောင့်ကျောက်တိုင် (herma)၊ ကြက်ဖ၊ လိပ်၊ လွယ်အိတ် (satchel) ၊ အတောင်ပံပါသော ဖိနပ် (talaria) ၊ အတောင်ပံပါသော ဦးထုပ် (သို့) ဦးထုပ်အဝိုင်း၊ ထန်းပင်၊ ဆိတ်၊ နံပါတ် (၄) ၊ ငါးအမျိုးအစားအချို့၊ အမွှေးနံ့သာတို့ ပါဝင်ကြသည်။[၉] သို့သော်လည်းပဲ အဓိက အမှတ်သညာမှာ မြွေနှစ်ကောင်ရစ်ခွေနေ၍ အတောင်ပံပုံပါရှိသော တောင်ဝှေး (caduceus) ဖြစ်သည်။[၁၀] ဟားမီးဇ်၏ စွမ်းရည်များသည် ၎င်းထက် ပို၍စောသော အစ်ထရူးရီးယာဒေသမှ နတ်ဘုရား တားမ်စ် (Turms) ကို လွှမ်းမိုးနိုင်ခဲ့ပြီး တားမ်စ်အမည်သည် ဂရိစကားလုံး herma မှ ချေးယူထားသော အမည်ဖြစ်လေသည်။ (လွှမ်းမိုးသည်ဆိုရာတွင် ဟားမီးဇ်၏ အရည်အချင်းများသည် နောင်တွင် တားမ်စ် နတ်ဘုရား၏ အရည်အချင်းများ ဖြစ်သွားခြင်းကို ဆိုလိုဟန်တူသည်။)[၁၁]
ရောမဒဏ္ဍာရီ၌ ဟားမီးဇ်ကို မာကျူရီနတ်ဘုရားအဖြစ် သိရှိ ခေါ်တွင်ကြပြီး[၁၂] မာကျူရီ (Mercury) သည် လက်တင်စာလုံး 'merx' မှ ဆင်းသက်လာခဲ့၍ အနက်မှာ ကုန်ကူးခြင်း (merchandise) ဖြစ်၍ ယင်းစာလုံးများ၏ ဇစ်မြစ်မှာ "merchant" and "commerce" ဤသို့ဖြစ်၏ ။[၁၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads