အတ္ထဒဿီဘုရား

From Wikipedia, the free encyclopedia

အတ္ထဒဿီဘုရား
Remove ads

ပိယဒဿီမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံ ကြွသွားပြီးနောက် ထိုစဉ်လူတို့သက်တမ်း အနှစ် (၉၀, ဝဝဝ) ကိုးသောင်းမှ(၁၀) နှစ်တမ်းအထိ ဆုတ်ယုတ်လာခဲ့သည်။ တဖန်(၁၀) နှစ်တမ်းမှ အသင်္ချေယျတမ်းအထိတက်ကပ်ကမ္ဘာသက်တမ်း တက်၍တက်၍သွားသည်။

ဖြစ်တော်စဉ်

ထို့နောက်တဖန် အသင်္ချေယျတမ်းမှ ဆုတ်ကပ်ကမ္ဘာသက်တမ်း ဆုတ်ယုတ်လာရာ အတ္ထဒဿီအလောင်းလျာသည် ဖြည့်ပွားပါရမီပြည့်စုံညီသဖြင့် လူတို့သက်တမ်း (၁၀၀, ဝဝဝ)တစ်သိန်းတမ်းသို့ ဆိုက်ရောက် လာစဉ် အခါ တုသိတာနတ်ပြည်မှ လူပြည်သို့ ဆင်းသက်တော်မူခဲ့သည်။ သောဘဏာနေပြည်တော်ဝယ် သာဂရမင်းကြီး၏နန်းတော်ရှိ သုဒဿနာ မိဖုရားကြီးမှ သုစိန္တာနဥယျာဉ်တော်၌ ဖွားမြင်တော် မူခဲ့သည်။ အလောင်းတော်မြတ်ဖွားမြင်လတ်သော ကြာမြင့်စွာသော ကာလက ဆွေမျိုးအဆက်ဆက်တို့သည်။ မြေအတွင်း၌မြှုပ်နှံသိမ်းဆည်းထားသော ရွှေ ငွေ ဥစ္စာရတနာကို ပိုင်ရှင်တို့ပြန်လည် ရရှိခြင်းကြောင့် အလောင်းမင်းသားကို နာမကာရဏမင်္ဂလာ ပြုသောအခါ အတ္ထဒဿီ မင်းသားဟု မှည့်ခေါ်ကြသည်။ အတ္ထဒဿီမင်းသားသည် အရွယ်ရောက်သောအခါ၌ ဝိသာခါဒေဝီမိဖုရားအမှူးရှိသော အခြွေအရံမောင်းမများဖြင့် အမရဂီရိ၊ သူရဂီရိ၊ ဝါဟနဂီရိ၊ ဟူသောရွှေနန်းသုံးဆောင်၌ နှစ်ပေါင်း(၁၀, ဝဝဝ)ကာလပတ်လုံး သားတော် သေလမင်းသားဖွားသည့်တိုင်အောင် ထီးနန်း စည်းစိမ်ကို ခံစားစံစားတော်မူသည်။ ထိုကဲ့သို့ ထီးနန်းစည်းစိမ်ကို ခံစားစံစားနေစဉ် နိမိတ်ကြီး လေးပါးကို တွေ့မြင်လျှင် သံဝေဂထင်လာ၍ သုဒဿန မြင်းယာဉ်စီကာ တောထွက်တော်မူခဲ့သည်။ ဒုက္ကရစရိယာအကျင့်ကို(၈) လကျင့်ကြံပွားများ၍၊ စမ္မကရုက္ခဗောဓိ-ကံ့ကော်ဗောဓိပင်ကိုအမှီပြုကာ သဗ္ဗညုတဉာဏ်တော်ကိုရ၍ သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ်ဖြစ်တော်မူပါသည်။

Remove ads

ဂေါတမဘုရားအလောင်းတော်

အတ္ထဒဿီဘုရားလက်ထက်တော်အခါ၌ ဂေါတမဗုဒ္ဓ လောင်းလျာသည် သုသိမရသေ့ ဖြစ်နေကာ မြတ်စွာဘုရားထံမှာ နိယတဗျာဒိတ်ကို နာခံခဲရပါသည်။

တပည့်သာဝကများ

  • အဂ္ဂသာဝကကြီး ယာ+ဝဲ (၂)ပါး-ရှင် သန္တထေရ်၊ ဥပသန္တထေရ်တို့တည်း။
  • အနီးကပ်လုပ်ကျွေးရဟန်း-အဘယ ထေရ်တည်း။
  • အဂ္ဂသာဝိကာမကြီး ယာ+ဝဲ (၂)ပါး-ရှင်မ ဓမ္မထေရီ၊ ရှင်မ သုဓမ္မ ထေရီတို့တည်း။
  • အဂ္ဂ ဒါယကာကြီး(၂) ဦး-နကုလ သူဌေး၊ နိသဘသူဌေးတို့တည်း။
  • အဂ္ဂဒါယိကာမကြီး(၂) ဦး-မဏိလာ ဥပါသိကာမ၊ သုနန္ဒာ ဥပါသိကာမတို့တည်း။

အတ္ထဒဿီဘုရားရှင်၏ အရပ်(ဉာဏ်)တော်မှာ အတောင်(၈၀)မြင့်၍ ရောင်ခြည်ကား တစ်ယူဇနာတိုင်အောင်ပျံ့နှံ့ကွန့်မြူးသည်။ သက်တော် အနှစ်(၈၀, ဝဝဝ)ရှစ်သောင်းရောက်သောအခါ အနောမ ဥယျာဉ်တော်၌ ပရိနိဗ္ဗာန်ဝင်စံ တော်မူပါသည်။ အဓိဋ္ဌာန်တော်မူခဲ့၍ ဓာတ်တော်များကြွင်းကျန်နေခဲပါသဖြင့် နတ်လူ အများတို့ စေတီပုထိုးတည်ကာ ကိုးကွယ်ပူဇော်ကြ လေသတည်း။

၁၇။ အတ္ထဒဿီ -ဘုရားရှိခိုး ဆုတောင်းဂါထာ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads