အနျူးဘစ်နတ်ဘုရား

From Wikipedia, the free encyclopedia

အနျူးဘစ်နတ်ဘုရား
Remove ads

အနျူးဘစ်နတ်ဘုရား (အင်္ဂလိပ်: Anubis) [မှတ်စု ၁] သည်အီဂျစ်ဒဏ္ဍာရီလာနတ်ဘုရားတစ်ဦးဖြစ်၍ အနျူးဘစ်မှာ ရှေးခေတ်အီဂျစ်ဘာသာတရား၌ သေခြင်း၊ မံမီဆေးစီရင်ခြင်း၊ တမလွန်ဘဝ၊ သင်္ချိုင်း၊ အုတ်ဂူ၊ ဝိဉာဉ်လောကဆိုင်ရာ နတ်ဘုရားဟူ၍ ရှေးဟောင်းဂရိဘာသာစကားအရ ထိုသို့သော အဓိပ္ပာယ်ရသည်။ များသောအားဖြင့် ခွေး(မျိုးနွယ်)တစ်ကောင်(canine) (သို့) ခွေးခေါင်းနှင့်လူတစ်ယောက်အဖြစ် သရုပ်ဖော်ကြသည်။ ရှေးဟောင်းသုတေသနပညာရှင်များက အနျူးဘစ်၏ မြင့်မြတ်သည့်တိရစ္ဆာန်မှာ ခွေးမျိုးနွယ်ဝင်ဖြစ်သော အာဖရိက၏ရွှေရောင် ဝံပလွေ (African golden wolf) ဖြစ်သည်ဟုခွဲခြားဖော်ပြခဲ့သည်။ (၂၀၁၅ မျိုးရိုးဗီဇဆိုင်ရာလေ့လာသုံးသပ်မှုတစ်ခုက ယခုဖော်ပြမည့်မျိုးစိတ်နှစ်ခုအတွက် အမျိုးစားခွဲခြားခြင်းနှင့် တူညီနေသောအမည်ကို နောက်ဆုံး မတင်မပြမခြင်း ထိုအာဖရိကရွှေရောင်ဝံပုလွေကို အာဖရိကရွှေရောင်ခွေးအ (African golden jackal)ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။ [][][] အကျိုးရလဒ်အားဖြင့် အနျူးဘစ်ကို ပုံမှန်အားဖြင့် "ခွေးအ၏ ခေါင်း" (jackal) နှင့်ရည်ညွှန်းကြသည်။ သို့သော်လည်း ဤ "ခွေးအ" ဆိုသည်မှာ ယခု၌ ပို၍မှန်ကန်စွာဖြင့် "ဝံပုလွေ" ဟုခေါ်ဝေါ်ကြသည်။)

အချက်တိုများ အနျူးဘစ်နတ်ဘုရား, အရုပ်စာ အမည် ...

အခြားသောရှေးခေတ် အီဂျစ်နတ်ဘုရားများနည်းတူ အနျူးဘစ်သည် အမျိုးမျိုးသောစာများ၌ အမျိုးမျိုးသောကဏ္ဍများကို ယူသည်။ အီဂျစ်ပထမမင်းဆက်ခေတ် (ဘီစီ ၃၁၀၀-၂၈၉၀) အစောပိုင်းကလများ၌ အုတ်ဂူများကို ကာကွယ်စောင့်ရှောက်သူအဖြစ် သရုပ်ဖော်ကြပြီး မံမီဆေးစီရင်သူတစ်ဦးလည်းဖြစ်သည်။ အလယ်ခေတ်တိုင်းနိုင်ငံ (Middle Kingdom - ဘီစီ ၂၀၅၅-၁၆၅၀) အချိန်ကာလတွင် အနျူးဘစ်၏ အဓိကနေရာဖြစ်သော ဝိဉာဉ်လောကဘအရှင်ရာထူးအား အိုးဆိုက်ရစ် ဖြင့်အစားထိုးခဲ့ကြသည်။ ၎င်း၏ ထင်ရှားသောအခန်းကဏ္ဍတစ်ခုမှာ ဝိဉာဉ်များကို တမလွန်သို့ လမ်းညွှန်သူဖြစ်၏။ "နှလုံးသားချိန်ခွင်" ချိန်မှုလုပ်ဆောင်ခြင်းတွင် တက်ရောက်စီမံသည်။ ထိုစဉ်၌ ဝိဉာဉ်ကို တမလွန်သို့ ခွင့်ပြု မပြု ဆုံးဖြတ်၏။[] အီဂျစ်နတ်ဘုရာများစာရင်းတွင် ရှေးအကျဆုံးနှင့် ဖော်ပြ၊ သရုပ်ဖော်မှု အကြိမ်အများဆုံးဖြစ်သော နတ်ဘုရားများအနက် တစ်ပါးအပါအဝင်ဖြစ်သော်ငြားလည်း အီဂျစ်ဒဏ္ဍာရီများတွင် ၎င်း၏အခန်းကဏ္ဍမှာ လုံးဝနီးပါး ပါဝင်မှုမရှိပါ။[]

အနျူးဘစ်ကို ပြန်လည်ရှင်သန်ပေါက်ဖွားခြင်း၊ ဘဝ၊ နိုင်းမြစ်၏ မြေဆီဩဇာ၊ ဆေးရည်စိမ်အလောင်းများ၏ အရောင်ပြောင်းလဲခြင်း စသည်တို့ကို ပုံဖော်နိုင်သောအရောင် အနက်ရောင်ဖြင့် သရုပ်ဖော်ကြသည်။ ခွေးခေါင်းပါရှိသော နောက်ထပ်အီဂျစ်နတ်ဘုရားဖြစ်သည့် ညီအကိုတော်စပ်သူ Wepwawet နတ်ဘုရားနှင့် ဆက်နွယ်ပတ်သက်သည်။ Wepwawet ကို မီးခိုးရောင် သို့ အဖြူရောင် အမွှေး/အရေပြား ဖြင့်သရုပ်ဖော်ကြသည်။ သမိုင်းပညာရှင်များက ဤပုံပန်းသဏ္ဍာနှစ်ခုသည် နောက်ဆုံး၌ပေါင်းစပ်သွားကြသည်ဟု ယူဆကြသည်။[] ၎င်း၏ဇနီးမှာ ပန်ပေါ့ (Anput)နတ်ဘုရားမဖြစ်၍ သမီးမှာ မြွေနတ်ဘုရားမဖြစ်သော ကက်ဘက်ချက် (Kebechet)ဖြစ်သည်။

Remove ads

မှတ်စု

  1. ယူကေအသံမှာ အနျူးဘစ်(စ်) ထွက်၍ ယူအက်စ်အသံထွက်မှာ အနူးဘစ်(စ်)ဟုထွက်ပါသည်။ Inpu သို့ Anpu ဟုလည်းခေါ်ဝေါ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads