အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့

From Wikipedia, the free encyclopedia

Remove ads

အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ကို ဇွန်လ (၉)ရက်နေ့ကို သတ်မှတ်ထားသည်။ အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များ ကောင်စီ nternational Council On Archives (ICA)ကို ၁၉၄၈-ခု၊ ဇွန်လ (၉)ရက်နေ့တွင် အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။

ရည်ရွယ်ချက်

ကမ္ဘာ့မော်ကွန်းဆိုင်ရာ အမွေအနှစ်များကို ရေရှည်တည်တံ့စေရေးအတွက် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ မော်ကွန်းမှတ်တမ်း ပညာရှင် ကိုယ်စားလှယ်များမှ တစ်ဆင့် ထိန်းသိမ်းနိုင်မှု၊ ဂရုစိုက်နိုင်မှုနှင့် အသုံးပြုနိုင်မှုတို့ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် ရည်ရွယ်ဖွဲစည်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနကို ၁၉၇၂-ခုနှစ်ကတည်းက တည်ထောင်ခဲ့သည်။ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသည် ၁၉၉၃ ခုနှစ်၊ ဇူလိုင်လတွင် အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်ကောင်စီ International Council On Archives (ICA) နှင့် ၎င်း၏ အရှေ့တောင်အာရှဒေသ ဆိုင်ရာအဖွဲ့ခွဲ Southeast Asia Regional Branch of International Council On Archives (SARBICA) အဖွဲ့၏ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။

နှစ် (၇၀)ပြည့် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ ကို မြန်မာနိုင်ငံတွင် ၂၀၁၈-ခုနှစ်၌ ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်သည်။ အထိမ်းအမှတ် လှုပ်ရှားမှု အနေဖြင့် မြန်မာနိုင်ငံ မော်ကွန်းတိုက်တွင် အများပြည်သူများကို ပြခန်းများ ခင်းကျင်းပြသခြင်း၊ မော်ကွန်းပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲများကို အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန (နေပြည်တော်) နှင့် ရန်ကုန် ရုံးခွဲတို့တွင် ဇွန်လ ၁ရက်နေ့မှ ၁၄-ရက်နေ့အထိ ကျင်းပခဲ့သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads