အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန

From Wikipedia, the free encyclopedia

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန
Remove ads

အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနကို မော်ကွန်းတိုက်နှင့် မော်ကွန်းဆိုင်ရာ သုတေသနလုပ်ငန်းများအတွက် အားထားရသော အမျိုးသားအဆင့် ဗဟိုဌာနတစ်ခု ဖြစ်လာစေရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသည် ၁၉၉၃ ခုနှစ်၊ ဇူလိုင်လတွင် အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်ကောင်စီ International Council On Archives (ICA) နှင့် ၎င်း၏ အရှေ့တောင်အာရှဒေသ ဆိုင်ရာအဖွဲ့ခွဲ Southeast Asia Regional Branch of International Council On Archives (SARBICA) အဖွဲ့၏ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ []

အချက်တိုများ မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း, ဦးစီးဌာန အကျဉ်းချုပ် ...
Remove ads
Remove ads

သမိုင်းကြောင်း

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနလက်အောက်၌ ဝန်ကြီးများရုံး၊ စာကြည့်တိုက်ကို အခြေခံ၍ ဝန်ထမ်းအင်အား (၃၄)ဦး ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။ ၁၉၇၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက် ရက်စွဲပါ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအရ ဤဦးစီးဌာနကို အရာထမ်း (၄၂)ဦး၊ အမှုထမ်း (၇၂)ဦး၊ စုစုပေါင်း ဝန်ထမ်းအင်အား (၁၁၄)ဦးဖြင့် အဆင့်(၃) ဦးစီးဌာနအဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လတွင် အမှတ် (၁၁၄)၊ ပြည်ထောင်စုရိပ်သာလမ်းဒဂုံမြို့နယ်ရန်ကုန်မြို့ရှိ အဆောက် အဦးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အဆင့်(၂) ဦးစီးဌာနအဖြစ် တိုးမြှင့်ခဲ့ပြီး အရာထမ်း (၃၃)ဦး၊ အမှုထမ်း (၁၉၆)ဦး၊ စုစုပေါင်း ခွင့်ပြုအင်အား (၂၂၉)ဦး ဖြစ်လာသည်။ ယင်းနှစ်တွင် အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

၁၉၉၁ ခုနှစ်တွင် အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်ကြေညာခဲ့သည်။ ထို့နောက် ၁၉၉၃ ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာန (၂)ခု ပြင်ဆင်ဖွဲ့စည်းခဲ့ရာ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီး ဌာနသည် ဖော်ပြပါနေ့မှစ၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနအောက်သို့ ရောက်ရှိခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ပြင်ဆင်ထုတ်ပြန်ခဲ့သည်။ အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေအား ပြင်ဆင်သည့် ဥပဒေ (Amendment) ကို ၂၀၀၇ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥပဒေအမှတ် (၂/၂၀၀၇)ဖြင့် ထုတ်ပြန်ခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဝန်ထမ်းအင်အား (၂၆၅)ဦးဖြင့် အဆင့်(၁) ဦးစီးဌာနအဖြစ် တိုးမြှင့်ခဲ့သည်။

စတင် ထိန်းသိမ်းထားသော မှတ်တမ်းများမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် တိုင်းနှင့်ပြည်နယ် ၁၄ ခု တို့မှ လွှဲပြောင်းပေးအပ်သော ဗြိတိသျှကိုလိုနီ ခေတ် (၁၈၃၅−၁၉၄၈) မှတ်တမ်းများ ဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် အမျိုးသားမော်ကွန်းတိုက်အင်အား ဖြည့်တင်းရေးစီမံချက် (Strengthening of National Archives Project) ဖြင့် ယူနက်စကို (UNESCO) မှ အကြံပေးပညာရှင် (၇)ဦး လာရောက်၍ ဝန်ထမ်းများအား လေ့ကျင့် သင်ကြားပေးခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ အကြံပေးခြင်း၊ ဝန်ထမ်းများအား ပြည်ပနိုင်ငံ မော်ကွန်းတိုက်များသို့ လေ့လာရေးခရီးများ / သင်တန်းများ စေလွှတ်လေ့ကျင့်ပေးခြင်းများ ပြုလုပ်ခဲ့သည်။[]

Remove ads

လုပ်ငန်းတာဝန်များ

အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ

  • နိုင်ငံ၏သမိုင်းဝင် မော်ကွန်းဆိုင်ရာ အထောက်အထားများကို မပျောက်မပျက် ရေရှည်ထိန်းသိမ်းထားရှိရန်၊
  • သုတေသနလုပ်ငန်းများနှင့် ရည်ညွှန်းကိုးကားမှုတို့အတွက် ဝန်ဆောင်မှုပေးရန် နှင့်
  • မော်ကွန်းပညာရပ်၏ အရေးပါမှုကို ပြည်သူလူထုအတွင်း သိရှိပြန့်ပွားစေရန် တို့ဖြစ်ကြသည်။[]

ရည်ရွယ်ချက်

အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။[]

  • သတင်းအချက်အလက်တန်ဖိုး၊ အထောက်အထားတန်ဖိုး စသည့် တန်ဖိုး ရှိသော အမျိုးသားမှတ်တမ်းများနှင့် မော်ကွန်းများကို တစ်စုတစ်စည်းတည်း ထာဝစဉ် လုံခြုံစွာ မပျက်မစီး သိမ်းဆည်းထားနိုင်စေရန်၊
  • ပြည်တွင်းပြည်ပရှိ သမိုင်းဝင်မှတ်တမ်းများနှင့် မော်ကွန်းများ၊ အစိုးရအဖွဲ့အစည်းသာမက အခြားအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များတို့၏ လက်ဝယ်၌ရှိသော သမိုင်းဝင်မှတ်တမ်းများနှင့် မော်ကွန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် လွှဲပြောင်းလက်ခံရယူ စုဆောင်းရန်၊
  • အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ မှတ်တမ်း စီမံခန့်ခွဲရေးနှင့် မော်ကွန်းအုပ်ချုပ်ရေးပညာရပ် တိုးတက်မြင့်မားစေရန်၊
  • သိမ်းဆည်းထားသော အမျိုးသားမော်ကွန်းများမှ ကောက်နှုတ်ဖော်ထုတ်၍ ပြည်သူလူထုအသိဉာဏ် တိုးတက်ပြန့်ပွားစေပြီး နိုင်ငံတော်၏ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးဦးတည်ချက်များကို အထောက်အကူဖြစ်စေရေးအတွက် ဆောင်ရွက်ရန်။

အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့အားနှစ်စဉ် ဇွန်လ (၉)ရက်နေ့ဟု သတ်မှတ်ထားသည်။

အကိုးအကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads