အမျိုးဇာတ်
From Wikipedia, the free encyclopedia
Remove ads
မိမိတို့ ပြုလုပ်အပ်ပြီးသော “ကံ” အားလျော်စွာ ထိုထိုဘုံ၌ ကပ်ရောက်ဖြစ်ပေါ်နေ ကြသည့် သတ္တဝါတို့၏ တစ်ဦးနှင့်တစ်ဦး တူညီ နေမှု အခြင်းအရာကို အမျိုးဇာတ်ဟု ခေါ်သည်၊ ယင်း ဇာတ်သည် သတ္တဝါတို့၏ ကပ်ရောက် ဖြစ်ပေါ်ရာဘုံ ပုံဟန်သဏ္ဌာန် အမူအကျင့်, အလုပ်အကိုင် စသော ဂုဏ် သတ္တိအားဖြင့် ခွဲခြမ်း ဝေဖန်သည်ရှိသော် လူဇာတ်, နတ်ဇာတ်, တိရစ္ဆာန်ဇာတ် စသည်ဖြင့် သတ္တလောက၌ မရေတွက်နိုင်အောင် များပြားလေသည်၊ [၁]
ထိုတွင် ကမ္ဘာသစ်တည် ပြီးစအချိန်၌ ဗြဟ္မပြည်မှ ဗြဟ္မာများစုတေပြီးလျှင် ဤလူ့ပြည်၌ ဥပပါတ်ပဋိသန္ဓေနေ ကာဖြစ်လာကြလေရာ “လူဇာတ်”ဟူ၍ ပေါ်ပေါက်လာပေသည်၊ ယင်းသို့ လူဇာတ်ပေါ်ပေါက်စအချိန်တွင် ယောက်ျား မိန်းမဟူ၍ မကွဲပြားသေးပဲ (ယောက်ျားပုံဟန်ဖြင့် နေထိုင်ကြပြီးနောက်) သလေးထမင်းကို စားသောက်ကြသည့်အခါတွင်မှ ကျင်ကြီးကျင်ငယ်တို့ဖြစ်ကြပြီးကာ ယင်းတို့ယိုထွက်ဖို့ရာ ဣတ္ထိဘော ပုမ္ဘောနှင့်တကွ ကျင်ကြီးပေါက်, ကျင်ငယ် ပေါက်များ ထင်ရှား ဖြစ်ပေါ်လာပြီးလျှင် “ယောက်ျားဇာတ်, မိန်းမဇာတ်ဟူ၍ ကွဲပြား ခဲ့ပြန်သည်။ [၁]
Remove ads
ထိုမှတဖန် “ကံ”အားလျော်စွာ ဖြစ်ပေါ် လာသည့်သလေးစပါးခင်းတို့ကို အချင်းချင်း ညှိနှိုင်းတိုင်ပင်ကာ (သူပိုင်, ငါပိုင်)ဟု ခွဲခြမ်း ဝေဖန်ထားကြရာ တရားမစောင့်သူ အချို့လူတို့၏ ခိုးယူမှုကြောင့် ယင်းကို ထိန်းသိမ်း စောင့်ရှောက်ပေးရသည့် လယ်မြေကို အစိုးရသော မင်းမျိုး “ခတ္တိယဇာတ်”ဟုလည်းကောင်း,
ခိုးယူခြင်းစသော မကောင်းမှုများကို မပြုကျင့်ပဲ ရှောင်လွှဲမျှောချသော ပုဏ္ဏားမျိုး “ဗြာဟ္မဏဇာတ်”ဟုလည်းကောင်း,
အိမ်ထောင်မှုပြုကာ အသီးအခြားဖြစ်သည့် နွားမွေးမှု, ကုန်သွယ်မှု စသည်ကို ပြုလုပ်သော အသည်မျိုး “ဝဿဇာတ်”ဟု၎င်း,
သူ့အသက်သတ်ခြင်းစသော ကြမ်းကြုတ်သောအမှု, ကျူထရံယက်ခြင်း စသော သိမ်ငယ်သေးနုပ်သောအမှုကို ပြုလုပ်သော သူဆင်းရဲမျိုး “သုဒ္ဒဇာတ်” ဟု၎င်း ပေါ်ပေါက်လာလေရာ ဤလူ ပြည်၌ အမျိုး ဇာတ်ကြီး ၄-ပါးထင်ရှားလာပေသည်[၂]။
ဖော်ပြပြီး အမျိုးဇာတ်ကြီး ၄-ပါးတွင် မင်းမျိုးနှင့် ပုဏ္ဏားမျိုးကို အထက်တန်းကျသော အမျိုး “ဥက္ကဋ္ဌဇာတ်”ဟု ခေါ်၍ ဒွန်း စဏ္ဍား, မူဆိုး, ပန်းမှိုက်သွန် (= ဘင်ကျုံး မစင် အညစ်အကြေး သန့်ရှင်းရေး တံမြက်လှည်းသမား) စသော သူဆင်းရဲမျိုးကို အောက်တန်းကျသော အမျိုး “ဟီနဇာတ်”ဟု ခေါ်သည် [၃]။ ဤကား လူတို့၏လောက သဘာဝအလိုက် ပေါ်ပေါက် လာသည့် “ဇာတ်”အမျိုးမျိုးပင်ဖြစ်သည်။ [၁]
Remove ads
ထို့ပြင် ဘာသာရေးခေါင်းဆောင် ဖြစ်သည့် ပုဂ္ဂိုလ်တို့ ပညတ်ထားသော အမျိုး ဇာတ်များလည်း ရှိပေသေးသည်၊ ပူရဏကဿပ နှင့် မက္ခလိဂေါသာလခေါ် တိတ္ထိ-ဆရာကြီး ၂-ဦးတို့က လောက၌ အမျိုးဇာတ် ၆-မျိုး ရှိကြောင်း ပညတ်ထားကြပေသည်၊ ယင်းတို့ကား—
(၁) ကြမ်းကြုတ်သော အမှုကို ပြုလုပ်သည့် တံငါ မုဆိုး, ခိုးသူ, ထောင်မှူး စသော ပုဂ္ဂိုလ်တို့၏ မည်းညစ်သော အမျိုး “ကဏှ ဇာတ်”၊
(၂) သာသနာ့ ဝန်ထမ်း ရဟန်းများနှင့် ကံ ကံ၏ အကျိုးကို ယုံကြည်သူ “ကမ္မဝါဒီ” ပုဂ္ဂိုလ်တို့၏ ညိုသောအမျိုး နီလဇာတ်”
(၃) အဝတ်တထည်သာဝတ်သူ “နိဂဏ္ဌ” ပုဂ္ဂိုလ်တို့၏ နီသောအမျိုး “လောဟိတဇာတ်”၊
(၄) အဝတ်မဝတ်သူ “အစေလကတက္ကဒွန်းတို့၏ တပည့်ဖြစ်သည့် အဝတ်ဖြူဝတ်သူ လူပုဂ္ဂိုလ်တို့၏ ဝါသောအမျိုး “ဟလိဒ္ဒဇာတ်”၊
(၅) မက္ခလိဂေါသာလစသည်တို့၏တပည့် ဖြစ်သူ အာဇီဝကတက္ကဒွန်းနှင့် အာဇီဝကတက္ကဒွန်းမတို့၏ ဖြူသောအမျိုး “သုက္ကဇာတ်”၊
(၆) နန္ဒဝစ္ဆ, ကိသသံကိစ္စ, မက္ခလိဂေါသာလစသော အစေလကတက္ကဒွန်းတို့၏အလွန်ဖြူ သောအမျိုး “ပရမသုက္က=အတိသုက္ကဇာတ်”တို့ ဖြစ်သည်။ [၁]
Remove ads
ယင်း တိတ္ထိဆရာကြီးတို့၏ ပညတ်ချက်ကိုပင် အကြောင်းပြုကာ ဘုရားရှင်ကလည်း “ဒွန်းစဏ္ဍား, တံငါ, မုဆိုး, ပန်းမှိုက်သွန်စသော မည်းညစ်သောအမျိုး၌ ပဋိသန္ဓေနေကာဖြစ် လာရသူ “ကဏှာဘိဇာတိက” ပုဂ္ဂိုလ်တို့၏ အမျိုးဇာတ် ၃-ပါး,
မင်း, ပုဏ္ဏား, သူကြွယ်ဟူသော ဖြူစင်သောအမျိုး၌ ပဋိသန္ဓေနေကာ ဖြစ်လာရသူ “သုက္ကာဘိဇာတိက” ပုဂ္ဂိုလ်တို့၏ အမျိုးဇာတ် ၃-ပါးဟူ၍ လောက၌ အမျိုး ဇာတ်၆-ပါးရှိကြောင်း တရားသဘောအတိုင်း တနည်းတဖုံ ဝေဖန်ဟောပြတော်မူသည်၊
ယင်းတို့ကား— (၁) မည်းညစ်သောအမျိုး၌ဖြစ်၍ ကိုယ် နှုတ်, စိတ်တို့ဖြင့် မကောင်းမှုကို ပြုကျင့်သူတို့၏ မည်းညစ်သော အမျိုးဟူသော ကဏှာဘိ-ဇာတိကကဏှဇာတ်၊
(၂) မည်းညစ်သောအမျိုး၌ဖြစ်၍ ကိုယ်, နှုတ်, စိတ်တို့ဖြင့် ကောင်းမှုကို ပြုကျင့်သူတို့၏ ဖြူစင်သောအမျိုးဟူသော “ကဏှာဘိဇာတိကသုက္ကဇာတ်”၊
(၃) မည်းညစ်သော အမျိုး၌ ဖြစ်၍ မည်းသောသဘောလည်း မဟုတ်, ဖြူသော သဘောလည်းမဟုတ်သည့် နိဗ္ဗာန်တရားကို ရရှိသူတို့၏ မမည်း, မဖြူသောအမျိုးဟူသော “ကဏှာဘိဇာတိကအကဏှအသုက္ကဇာတ်၊
(၄) ဖြူစင်သော အမျိုး၌ဖြစ်၍ ကိုယ်, နှုတ်, စိတ်တို့ဖြင့် မကောင်းမှုကို ပြုကျင့်သူတို့၏ မည်းညစ်သောအမျိုးဟူသော “သုက္ကာဘိ ဇာတိက ကဏှဇာတ်၊
(၅) ဖြူစင်သော အမျိုး၌ဖြစ်၍ ကိုယ်, နှုတ်, စိတ်တို့ဖြင့် ကောင်းမှုကို ပြုကျင့်သူတို့၏ ဖြူစင်သောအမျိုးဟူသော “သုက္ကာဘိဇာတိ ကသုက္ကဇာတ်၊
(၆) ဖြူစင်သော အမျိုး၌ ဖြစ်၍ မည်းသောသဘောလည်း မဟုတ်, ဖြူသောသဘောလည်း မဟုတ်သည့်နိဗ္ဗာန်တရားကို ရရှိ သူတို့၏ မမည်း, မဖြူသော အမျိုးဟူသော သုက္ကာဘိဇာတိကအကဏှအသုက္ကဇာတ်တို့ ဖြစ်သည် [၄]။ [၁]
ဘုရားရှင်၏ အလိုတော်အားဖြင့် အမျိုးဇာတ်ကို အကျဉ်းချုပ်ကာ ခွဲခြမ်း ဝေဖန်လိုက်လျှင် ခတ္တိယ, ဗြာဟ္မဏ, ဝဿ, သုဒ္ဓ စသော လောက၌ ထင်ရှားနေသည့်အမျိုးအနွှယ် “လောကိယဇာတ်” နှင့် ဘုရားရှင်၏ တပည့်သား သမီးများဖြစ်ကြသည့် ရဟန်း ရဟန်းမ, သိက္ခမာန်မ, သာမဏေ, သာမဏေမတို့၏ ဖြူစင် မြင့်မြတ်သော အမျိုးအနွယ် “အရိယဇာတ်”ဟူ၍ ၂-မျိုးသာလျှင် ဖြစ်ပေသတည်း [၅]။ [၆]
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads