အားကစားနှင့်ကာယပညာသိပ္ပံ

From Wikipedia, the free encyclopedia

Remove ads

အားကစားနှင့်ကာယပညာသိပ္ပံ (အင်္ဂလိပ်: Institute of Sports and Physical Education) များသည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနလက်အောက်ရှိ အားကစားနှင့်သက်ဆိုင်သော ကျောင်းများဖြစ်သည်။ အားကစားနှင့်ကာယပညာဦးစီးဌာနလက်အောက်တွင်ပါဝင်ပြီး ညွှန်ကြားရေးမှူးအဆင့်ရှိသော ကျောင်းအုပ်ကြီးများမှ အုပ်ချုပ်သည်။ အတိုကောက်အနေဖြင့် အားကာသိပ္ပံဟု ခေါ်ဝေါ်လေ့ရှိကြသည်။ဤကျောင်းများသည် မြန်မာနိုင်ငံတွင် အားကစားနှင့်ပက်သက်၍ အဓိကသင်ကြားပေးနေသော ကျောင်းများဖြစ်သည်။ လက်ရှိတွင် ရန်ကုန် မန္တလေးမော်လမြိုင်တောင်ကြီးပုသိမ်မုံရွာလွိုင်ကော်ဟားခါးစစ်တွေမြို့များတွင် ဖွင့်လှစ်ထားရှိသည်။[] အစောဆုံးဖွင့်လှစ်ခဲ့သောကျောင်းမှာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ဖြစ်သည်။ ထပ်မံပြီးကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင်လည်း ဖွင့်လှစ်နိုင်​ရေး စီမံလျက်ရှိသည်။[][]

အားကစားနှင့်ကာယပညာသိပ္ပံများတွင် အားကစားနှင့် ပညာရေးပေါင်းစပ်ရေးအထက်တန်းကျောင်းများ ဖွင့်လှစ်ထားရှိပြီး အဋ္ဌမတန်း၊ နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်းများကို နေ့တစ်ပိုင်းစနစ်ဖြင့်သင်ကြားပေးသည်။ အားကစားနှင့်ကာယပညာသိပ္ပံများတွင် ခေတ်အဆက်ဆက် မြန်မာ့လက်ရွေးစင်အားကစားသမားများက နည်းပြများအဖြစ် သင်ကြားပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်က အားကစားတက္ကသိုလ် ဖွင့်လှစ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သင်ကြားပေးနိုင်ခဲ့ခြင်းမရှိပေ။ အားကာသိပ္ပံကျောင်းသားများသည် အားကာသိပ္ပံကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ၊ တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ၊ အာဆီယံကျောင်းများအားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်လျက်ရှိသည်။ အားကာသိပ္ပံကျောင်းများမှအများစုဖြင့် ဖွဲ့စည်းထားသော I.S.P.E FC အမျိုးသားဘောလုံးအသင်းသည် မြန်မာနေရှင်နယ်လိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ထို့အပြင် အမျိုးသမီးဘောလုံးအသင်းသည်လည်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

Remove ads

ရန်ကုန်

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သည် မြန်မာနိုင်ငံတွင် အစောဆုံးဖွင့်လှစ်ခဲ့သော ကျောင်းဖြစ်သည်။ ၁၉၉၀ပြည့်နှစ် ဩဂုတ်လ ၂၃ရက်နေ့တွင် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။[] ၁၉၉၂ခုနှစ်တွင် စတင်သင်ကြား​ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် အစောဆုံးဖွင့်လှစ်ခဲ့သည့်ကျောင်းဖြစ်သည်နှင့်အညီ အားကာသိပ္ပံကျောင်းများအနက် စွမ်းဆောင်ရည်မြင့်မားသော ကျောင်းတစ်ကျောင်းဖြစ်သည်။ လက်ရှိတွင် အားကစားနည်းပေါင်း (၂၆)မျိုးအထိ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ အားကစားနည်းပေါင်းစုံမှ မြန်မာ့လက်ရွေးစင်အားကစားများစွာကို မွေးထုတ်ပေးထားသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကာသိပ္ပံ(ရန်ကုန်)ကျောင်းထွက် ၁၃၁ဦးပါဝင်ပြီး ၆၃ဦးမှာ ဆုတံဆိပ် ရရှိထားသည်။[]

Remove ads

မန္တလေး

Thumb
မန္တ​လေး​ကျောင်း

အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)သည် ဒုတိယမြောက်ဖွင့်လှစ်ခဲ့သောကျောင်းဖြစ်ကာ ၂၀၀၂ခုနှစ် ဇွန်လ ၁ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်ကျောင်းနည်းတူ မြန်မာ့လက်ရွေးစင်အားကစားသမားများစွာ မွေးထုတ်ပေးထားသည်။ ၂၀၁၃ခုနှစ်တွင် ကျောင်းအနီး၌ မန္တလာသီရိအားကစားပြိုင်ဝင်းကိုပါ ဖွင့်လှစ်နိုင်ခဲ့၍ အားကာသိပ္ပံ (မန္တလေး)အတွက် ပိုမိုအကျိုးရှိလာခဲ့သည်။

Thumb
မန္တလာသီရိအားကစားကွင်းကို ​ကျောင်းအတွင်းမှ​တွေ့ရစဉ်
Remove ads

အခြား

မော်လမြိုင်နှင့် တောင်ကြီးမြို့များတွင် ၂၀၁၄ခုနှစ်၌လည်းကောင်း၊ လွိုင်ကော်မြို့တွင် ၂၀၁၅ခုနှစ်၌လည်းကောင်း၊ မုံရွာမြို့တွင် ၂၀၁၇ခုနှစ်၌လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး ဟားခါးနှင့် စစ်တွေမြို့များတွင် ၂၀၂၃ခုနှစ်၌ ဖွင့်လှစ်မည်ဖြစ်သည်။

Thumb
လွိုင်​ကော်​ကျောင်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads